အသက်ဘေးကြုံနေတဲ့ မွေးကင်းစကလေးကို ဟီးရိုး တစ်ယောက်လို ကယ်တင်ခဲ့တဲ့ ရဲအရာရှိ

21-7-2020-yyl-001.jpg

သင့်မျက်စိရှေ့မှာ (၃) ပတ်သားအရွယ်ကလေးတစ်ယောက် အသက်အန္တရာယ်နဲ့ ကြုံနေမယ်ဆိုရင် သင် ဘယ်လိုလုပ်မလဲ..။ ပထမတော့ ဘာလုပ်လို့ဘာကိုင်ရမှန်း မသိဖြစ်နိုင်ပေမယ့် အသက်အန္တရာယ်ကနေ ကယ်တင်မိကြမယ်ထင်ပါတယ်။ တချို့တလေကတော့ ဘာမှတုံ့ဆိုင်းခြင်းမရှိဘဲ သူတို့ကိုယ်တိုင် ကယ်တင်ကြမှာပါ။ တချို့ကတော့ အကူအညီလှမ်းတောင်းပေးမယ်ထင်ပါတယ်။ မစ်ချီဂန်ပြည်နယ်က ရဲအရာရှိတစ်ယောက်ဟာလည်း အသက်ရှုရခက်ခဲနေတဲ့ (၃) ပတ်သားကလေးကို တုံ့ဆိုင်းခြင်းမရှိဘဲ မြန်မြန်ဆန်ဆန်ပဲ ကယ်တင်ပြီးတဲ့နောက်မှာ သူ့ကို ဟီးရိုးအဖြစ် ပြောစမှတ်ပြုခဲ့ကြပါတယ်။

အဲဒီကလေးလေးကို ရဲအရာရှိက ဟီးရိုးတစ်ယောက်လို ကယ်တင်ပေးခဲ့တဲ့ဗီဒီယိုကို The Sterling Heights Police Department ရဲ့ဖေ့စ်ဘွတ်ခ်အကောင့်မှာ ပြီးခဲ့တဲ့အပတ်က တင်ခဲ့တာဖြစ်ပါတယ်။ ကာမီရို မာဆီဂျူစကီဆိုသူ ရဲအရာရှိဟာ အသက်မရှုတော့တဲ့ (၃) ပတ်သား ကလေးလေးကို ချီပြီး ကယ်တင်ဖို့ လုပ်နေတာကို မြင်တွေ့ရပါတယ်။ ဒီဖြစ်ရပ်ကတော့ ဇူလိုင်လ ၉ ရက်နေ့က ဖြစ်ပျက်ခဲ့တာပါ။ ကလေးရဲ့မိခင်က ရဲအရာရှိရဲ့ဘေးမှာနေပြီး အရမ်းကို ဗျာများခဲ့ရပါတယ်။ ရဲအရာရှိက အသက်ရှူလမ်းကြောင်းမှာ တစ်ခုခုဖြစ်နေလားဆိုတာသိရဖို့အတွက် စစ်ဆေးခဲ့ပြီး ကလေးအသက်ပြန်ရှူလာဖို့ လုပ်ဆောင်ပေးခဲ့ပါတယ်။ ကလေးက အသက်ပြန်ရှူလာတော့မှ ငိုနိုင်ပါတော့တယ်။

ကလေးရဲ့မိခင်ကလည်း ကလေးအဆင်ပြေသွားတဲ့အတွက် မြေပြင်ပေါ်လဲပြီး စိတ်သက်သာရာရခဲ့ပါတယ်။ အဲဒီနောက်မှာရဲအရာရှိက ကလေးကို the Sterling Heights Fire Department ဆီ လွဲပြောင်းပေးခဲ့ပါတယ်။ ဒါမှ ကလေးကို ဆေးရုံခေါ်သွားပြီး စစ်ဆေးကုသမှုတွေခံယူနိုင်မှာဖြစ်ပါတယ်။ “ရဲအရာရှိ မာဆီဂျူစကီရဲ့လျင်မြန်တဲ့၊ တည်ငြိမ်တဲ့၊ အသက်ကယ်တင်ပေးတဲ့ လုပ်ရပ်ကြောင့်သာမဟုတ်ရင် ဒီအဖြစ်အပျက်ရဲ့အကျိုးဆက်က ကွာခြားသွားနိုင်ပါတယ်”လို့ ရဲဌာနက ပြောပါတယ်။ “ရဲအရာရှိက ကလေးကို ကယ်တင်ပေးရုံသာမက မိသားစုကို နှစ်သိမ့်ပေးနိုင်တဲ့ မွန်မြတ်တဲ့အလုပ်ကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။ မာဆီဂျူစကီက သူ့ရဲ့မြန်မြန်ဆန်တွေးခေါ်နိုင်မှု၊ စိတ်ငြိမ်ငြိမ်နဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို သူ့ရဲ့လေ့ကျင့်ရေးမှာ မှတ်သားခဲ့ရတာဖြစ်ပါတယ်။

Ref: CNN “Dashboard camera captures the moment an officer saves the life of a 3-week-old baby”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top