အမျိုးသားတွေအတွက် ရုပ်ရည်ချောမောခြင်းက လုပ်ငန်းခွင်မှာ အနှောင့်အယှက်ဖြစ်စေ

0DEDD8B500000578-0-image-m-2_1449624257931.jpg

ရုပ်ရည်ချောမောပြေပြစ်တဲ့အမျိုးသားတွေဟာ တခြားလုပ်ဖော်ကိုင်ဖက်အမျိုးသားတွေထက် ဘော့စ်ရဲ့အမြင်မကြည်ခြင်းကို ပိုခံရနိုင်တဲ့အပြင် နေရာကောင်းရဖို့လည်း ခက်ခဲနိုင်ကြောင်း လန်ဒန်အခြေစိုက်တက္ကသိုလ်တစ်ခုနဲ့ အမေရိကန်နိုင်ငံ၊ မယ်ရီလန် (Maryland) တက္ကသိုလ်တို့ကနေ စစ်တမ်းတွေအရ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အမျိုးသားတစ်ဦးက အခြားအမျိုးသားတစ်ဦးကို အလုပ်အင်တာဗျူးတဲ့အခါမှာ အဆိုပါအမျိုးသားရဲ့ ဆွဲဆောင်နိုင်စွမ်းအား တစ်နည်းအားဖြင့် ရုပ်ရည်ရူပကာကို ကနဦးအစထဲက အဆိုးမြင်ဘက်ကသာ အကဲဖြတ်ထားပြီး အလုပ်အမျိုးအစားကိုလည်း စိတ်ထဲကနေ ဝေဖန်ပြီးသားလို့ဆိုပါတယ်။ ယောက်ျားချင်းတိုက်နေတဲ့စစ်ပွဲလို့ပြောလိုရတာပေါ့နော်။

တစ်ဖန် အမျိုးသမီးတွေဘက်ကကြည့်မယ်ဆိုရင်တော့ သူတို့ရဲ့ပင်ကိုယ်စရိုက်အရ အရည်အချင်းယှဉ်ပြိုင်တဲ့နေရာမှာ ဆွဲဆောင်မှုရှိခြင်း၊ မရှိခြင်း (သို့) ရုပ်ရည်ချော၊ မချောကပဓာနမကျဘူးလို့ သတ်မှတ်ထားတဲ့အတွက် ဒီလိုပြဿနာမျိုးက ဆွဲဆောင်မှုရှိတဲ့အမျိုးသမီးတွေကြား ကြုံလေ့ရှိတဲ့ပြဿနာမဟုတ်ဘူးလို့ သုတေသနပညာရှင်တွေက ဆိုပါတယ်။

မန်နေဂျာအများစုဟာဆိုရင်လည်း အဖွဲ့အစည်းရဲ့စံနှုန်းနဲ့ ပုံသေသတ်မှတ်ထားတဲ့ လွှမ်းမိုးမှုတွေကြား စည်းသေနေပြီးသားဖြစ်တာကြောင့် အလုပ်ခန့်တဲ့နေရာမှာသူတို့ရဲ့ကိုယ်ပိုင်စံနှုန်းနဲ့ စိတ်ပါဝင်စားမှုတွေအတိုင်းသာ ရွေးချယ်တတ်ကြပါတယ်။ ဒါက အဖွဲ့အစည်းထဲရောက်လာမယ့် အရည်အချင်းရှိသူတွေကို ဝင်ခွင့်မရအောင် ပိတ်ပင်လိုက်တာနဲ့လည်း အလားသဏ္ဍာန်တူနေပါသေးတယ်လို့ ဆိုပါတယ်။ အမြင်မတူရင် ဂျောင်း ဆိုတာမျိုး မဖြစ်သင့်တဲ့ သဘောပါပဲ။

Ref: 9gag “Study says Being too handsome can harm a Man’s career”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top