သင့်ရဲ့အပြုအမူတိုင်းက သင့်ဆီကိုသာ ပြန်လာမှာပါ

2-6-2020-yyl-029.jpg

ကျောင်းအားလပ်ရက်တစ်ရက်မှာ သားအဖနှစ်ယောက် တောထဲကို ပျော်ပျော်ရွှင်ရွှင် ခရီးထွက်လာခဲ့ပါတယ်။ တောင်ကုန်းလေးတစ်ခုပေါ်ကို အရောက်မှာ သားဖြစ်သူက ရုတ်တရက် ခလုတ်တိုက်မိပြီး ချော်လဲသွားပါတယ်။

နာကျင်တဲ့အတွက် ” အား” လို့အော်လိုက်ရာ အံဩသင့်စရာပဲ တစ်ဘက်ကနေ “အား”လို့ ပြန်အော်သံကို သဲသဲကွဲကွဲပြန်ကြားလိုက်ပါတယ်။ ကောင်လေးက အနည်းငယ်လန့်သွားပြီး ” ဘယ်သူရှိလဲ” လို့ထပ်အော်ပါတယ်။ ” ဘယ်သူရှိလဲ”လို့ ပြန်ကြားရတဲ့အတွက် “ဘယ်သူလာစနေတာလဲကွ”လို့ထပ်အော်ကြည့်တော့ “ဘယ်သူလာစနေတာလဲကွ”လို့ပြန်ကြားရတဲ့အတွက်ကောင်လေး ဒေါသထွက်လာပါတယ်။

အဲဒီနောက် အဖေဖြစ်သူကို ” အဖေ ဒါဘယ်လိုဖြစ်တာလဲ။ ဘယ်သူလာစနေတာလဲမသိဘူး” လို့မေးတော့ အဖေဖြစ်သူက ” သား…ဒီမှာနားထောင်ကြည့်” လို့ဆိုပြီး “မင်းအရမ်းတော်တာပဲ” လို့အော်လိုက်တဲ့အခါ တစ်ဖက်က “မင်းအရမ်းတော်တာပဲ”လို့ အသံထွက်ပေါ်လာပါတယ်။ တစ်ဖန်” ကျေးဇူးများကြီးတင်ပါတယ်”လို့ ထပ်အော်ရာ “ကျေးဇူးများကြီးတင်ပါတယ်”လို့ အသံကိုပြန်ကြားရပါတယ်။ ထပ်မံပြီး ” မင်းကအရူးပဲ “လို့အော်ရာ ” မင်းကအရူးပဲ “ဆိုတာကို ပြန်လည်ကြားရပါတယ်။

ကောင်လေးက ဘာလို့အခုလိုပြောသမျှ အကုန်ပြန်ကြားနေရတာလံ လို့ ထူးထူးဆန်းဆန်း အံဩလို့နေပါတယ်။ အဖေဖြစ်သူက “ဒီမယ် ငါ့သား… အခုလိုမျိုး ကိုယ်ပြောတဲ့စကားကိုယ်ပြန်ကြားရတယ်ဆိုတာကို ပဲ့တင်သံလို့ခေါ်တယ်။ အခု အဖေတို့ပြောသမျှကို အကုန်ပြန်ကြားရသလိုပဲ အဖေတို့ အပြင်လောကမှာလည်း သဘောတရားအတူတူပါပဲ။ ကောင်းတာလုပ်ရင် ကောင်းကျိုးကို ခံစားရမှာဖြစ်သလို မကောင်းတာလုပ်ထားရင် မကောင်းတဲ့အကျိုးကို မလွဲမသေပြန်ခံစားရမှာပါ သား” လို့ ရှင်းပြလိုက်ပါတယ်။

ဒီအကြောင်းအရာလေးကနေ အဓိကပေးချင်တဲ့ အသိတစ်ခုကတော့ ကိုယ်ကိုယ်တိုင်က အစစ်အမှန်မပေးဘဲ လိုချင်တာကတော့ အစစ်အမှန်ဆိုရင်တော့ မဖြစ်နိုင်ပါဘူး။ အရာရာတိုင်းက ကိုယ်ပေးသလောက် ကိုယ်လုပ်သလောက်တော့ ပြန်ရမှာပါ။ သင်လုပ်ခဲ့တဲ့ ကောင်းတာဆိုးတာ အားလုံးက အရိပ်တစ်ခုအနေနဲ့ သင့်နောက်ကို အမြဲတမ်းလိုက်ပါနေမှာပဲ ဖြစ်ပါတယ်။

Ref: Moral Stories “The reflection of your actions”

Paradise(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top