သင်္ဘောကြီးသောင်တင်နေသလို တည်ဆောက်ထားတဲ့ ကိုရီးယားဟိုတယ်

30.5.24-yyl-3.jpg

ရုတ်တရက်ကြည့်လိုက်ရင် သင်္ဘောကြီးတစ်စင်း သောင်တင်နေသလိုပါပဲ။ တကယ်တော့ ဒါက တောင်ကိုရီးယားနိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်းမှာ တည်ဆောက်ထားတဲ့ အပန်းဖြေစခန်းနဲ့ ဟိုတယ် ဖြစ်ပါတယ်။ Royal Caribbean International သင်္ဘောလိုင်းရဲ့ အပျော်စီးသင်္ဘောကြီးပုံစံ ဒီဇိုင်းဆွဲပြီး တောင်စောင်းမှာ တည်ဆောက်ထားတာပါ။ ၅၄၁ ပေ ရှည်လျားပြီး ၁၄၈ ပေ မြင့်ပါတယ်။ ပင်လယ်ကြီးကို အပေါ်စီးကနေ မြင်ရတဲ့ မြင်ကွင်းမျိုးပါ။

ဟိုတယ်ခန်း ၂၁၁ ခန်း ပါဝင်ပြီး ကိုရီးယားနဲ့ ဥရောပအစားအစာတွေ တည်ခင်းဧည့်ခံမယ့် စားသောက်ဆိုင် ၆ ဆိုင် ပါဝင်ပါတယ်။ ဒါ့အပြင် ဂေါ့ဖ်ကွင်း၊ ဘောလီဘောကွင်း၊ အားကစားခန်းမတွေလည်း ထည့်သွင်းတည်ဆောက်ထားတာပါ။ Sun Cruise Resort & Yacht လို့ အမည်ပေးထားပါတယ်။

Ref: Sun Cruise Resort & Yacht

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top