သတို့သမီးဝတ်စုံဝတ်ကာ ချစ်သူကောင်လေးကို လက်ထပ်ဖို့တောင်းဆိုခဲ့တဲ့ တရုတ်အမျိုးသမီး

intl001.jpg

သတို့သမီးဝတ်စုံဝတ်ကာ ချစ်သူကောင်လေးကို လက်ထပ်ဖို့တောင်းဆိုခဲ့တဲ့ တရုတ်အမျိုးသမီး

တရုတ်နိုင်ငံက အမျိုးသမီးတစ်ဦးဟာ ဟီနန်ပြည်နယ်က ဖန်နဲ့လုပ်ထားတဲ့ တံတားပေါ်မှာ သတို့သမီးဝတ်စုံဝတ်ပြီး

သူ့ရဲ့ချစ်သူကို လက်ထပ်ဖို့ ကြိုးပမ်းခဲ့တယ်လို့ သိရပါတယ်။

ဒီအမျိုးသမီးဟာ တံတားပေါ်မှာ သတို့သမီးဝတ်စုံကိုဝတ်ပြီး သူ့နောက်က ကားပေါ်မှာတော့ ယွမ်တစ်သောင်းပါ ပိုက်ဆံအိတ်ကို တင်ထားခဲ့ပါတယ်။ သူရှိတဲ့ တံတားပေါ်ကို ဖြတ်သန်းလျှောက်လာမယ်ဆိုရင် လက်ထပ်မယ်ဆိုတဲ့ စာတမ်းကို ချစ်သူကိုရည်ရွယ်ပြီး တံတားပေါ်မှာ သူက ကပ်ထားလိုက်ပါသေးတယ်။

ဒါ့အပြင် အမျိုးသမီးဟာ မိုက်ကရိုဖုန်းကနေတစ်ဆင့် ချစ်သူကို တံတားပေါ်လျှောက်လာဖို့ အော်ခေါ်ခဲ့တာကိုလည်း တွေ့ရပါတယ်။တံတားဟာ မြေပြင်ကနေ အမြင့် ၃၅၀ မီတာအကွာမှာ တည်ဆောက်ထားတဲ့ တံတားဖြစ်ပါတယ်။ တံတားထိန်းသိမ်းစောင့်ရှောက်တဲ့လူတွေက ချစ်သူကောင်မလေးဆီ သွားဖို့ တွန်းပို့ခဲ့ပေမယ့် ချစ်သူကောင်လေးဟာ ကောင်မလေးဆီသွားဖို့ ငြင်းဆန်ခဲ့ပါတယ်။

ကောင်လေးရဲ့ဒီလုပ်ရပ်ကြောင့် ကောင်မလေးက ချစ်သူကောင်လေးရဲ့ အမြင့်ကြောက်တဲ့အဖြစ်ဟာ ရှက်ဖို့ကောင်းပြီး အလွန်သတ္တိကြောင်တဲ့လူလို့ အပြစ်တင်ခဲ့တဲ့အပြင် ချစ်သူအဖြစ်ကလည်း ရပ်စဲလိုက်ပြီလို့ မိုက်ကရိုဖုန်းကတစ်ဆင့် ဒေါသတကြီး ပြောခဲ့ပါတယ်။

Ref: scmp.com “Chinese woman’s glass bridge proposal to ‘cowardly’ boyfriend backfires”

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top