ရင်ကွဲနာကျပြီး သေဆုံးသွားတဲ့ ကမ္ဘာ့ ချစ်စရာအကောင်းဆုံး ခွေးလေး Boo

50324097_1258072567677820_8283618057025224704_n.jpg

သခင်ဖြစ်သူ တင်ပေးတဲ့ ပုံလေးတွေကြောင့် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ လူသိများလာခဲ့တဲ့ ခွေးလေး နှစ်ကောင်ရှိပါတယ်။ သူတို့ကတော့ Boo နဲ့ သူ့အဖော် ခွေးလေးပါ။ လူမှုကွန်ရက် သုံးစွဲသူတွေက ပိုးသားလို နူးညံ့တဲ့ အမွှေးရှည်၊ နှုတ်သီးချွန်ချွန် နားရွက်ထောင်ထောင် လေးတွေကြောင့် ဒီခွေးလေး နှစ်ကောင်ကို စိတ်ဝင်စားချစ်ခင်ကြတာမို့ Boo ဖေ့စ်ဘွတ်ခ် ပေ့ခ်ျလေးမှာ ပရိသတ် ၁၆ သန်းကျော်တောင် ရထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ Boo နဲ့ တတွဲတွဲခင်လာတဲ့ အဖော်ခွေးလေးက သေဆုံးသွားခဲ့ပါတယ်။ ဒီခွေးလေး သေပြီးတဲ့နောက် မကြာခင်ရက်ပိုင်းမှာပဲ Boo ကလည်း နှလုံးရောဂါ ပြဿနာ စလာပါတော့တယ်။ ဇန်နဝါရီလ ၁၉ ရက်နေ့ မနက်ပိုင်းမှာတော့ Boo ဟာ သူ့သခင်နဲ့ အပြီးအပိုင် ခွဲခွာသွားခဲ့ပါတယ်။ အခင်ဆုံး အဖော်မရှိတော့တာကြောင့် ရင်ကွဲနာကျသွားရတာ လို့ Boo ရဲ့ သခင်ဖြစ်သူက ပြောပြခဲ့ပါတယ်။ သေဆုံးချိန်မှာ Boo က အသက် ၁၂ နှစ် အရွယ်ရှိနေပါပြီ။

“ကျွန်တော်တို့ မိသားစုလည်း Boo သေသွားတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်။ ဒါပေမဲ့ သူခံစားနေရတဲ့ ဝေဒနာတွေ အဆုံးသတ်သွားတယ်လို့ပဲ တွေးပြီး စိတ်ဖြေလိုက်ပါတယ်။ တစ်ကမ္ဘာလုံးကလူတွေဆီ ပျော်ရွှင်မှုတွေ ယူဆောင်ပေးခဲ့တဲ့ Boo ကိုတော့ နောက်ထပ် မတွေ့နိုင်တော့ပါဘူး” လို့ သခင်ဖြစ်သူက ရေးသားခဲ့ပါတယ်။

Boo သေဆုံးတဲ့သတင်းကို ကြားရချိန်မှာ စိတ်မကောင်းဖြစ်ပြီး မျက်ရည်ကျတဲ့သူတွေတောင် ရှိခဲ့ပါတယ်။ ခွေးလေး Boo က ၂၀၁၁ ခုနှစ်မှာ ကမ္ဘာ့ ချစ်စရာအကောင်းဆုံးခွေးလေး လို့ ဖော်ပြခံခဲ့ရပြီး လူမှုကွန်ရက်ပေါ်မှာ ရေပန်းစားခဲ့သလို ၂၀၁၂ ခုနှစ်ကလည်း အမေရိကန် အိမ်မွေး တိရစ္ဆာန် မျိုးသန့် ဆက်သွယ်ရေးအရာရှိအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါသေးတယ်။

Ref: CNN “Boo, ‘world’s cutest dog,’ dies aged 12”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top