နေကြာစေ့ရဲ့အာဟာရဓာတ်နဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

25-2-2021-yyl47.jpg

သင့်ကျန်းမာရေးကောင်းဖို့အတွက် တစ်နေ့တာမှာ အစေ့အဆံကိုလည်း စားပေးရပါတယ်။ အစေ့အဆံတွေက အာဟာရဓာတ်ပြည့်ဝပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့အပြင် နာတာရှည်ရောဂါတွေမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ အစေ့အဆံတွေထဲမှာ နေကြာစေ့ကလည်း အာဟာရဓာတ်တွေမြင့်မားစွာပါဝင်ပါတယ်။ ကျန်းမာတဲ့အဆီအနှစ်တွေ၊ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်တွေကြွယ်ဝပါတယ်။ နေကြာစေ့က ရောင်ရမ်းခြင်း၊ နှလုံးရောဂါနဲ့ အမျိုးအစား ၂ ဆီးချိုရောဂါတွေသက်သာအောင် ကူညီပေးနိုင်ပါတယ်။

နေကြာစေ့ရဲ့အာဟာရဓာတ် ပါဝင်မှု

နေကြာစေ့က သေးသေးလေးဖြစ်ပေမဲ့ အတော်လေးအာဟာရဓာတ်ပြည့်ဝပါတယ်။ ဗီတာမင် အီး၊ ဇင့်စ်နဲ့ ဆယ်လီနီယမ်ဓာတ်တွေမြင့်မားပြီး ခန္ဓာကကိုယ်ရဲ့ဆဲလ်တွေမပျက်စီးအောင် ကာကွယ်ပေးပြီး ကိုယ်ခံအားစနစ်ကို တိုးလာစေနိုင်ပါတယ်။ နေကြာစေ့ (၃၀) ဂရမ်မှာပါဝင်တဲ့ အာဟာရဓာတ်ပမာဏကတော့

ကယ်လိုရီ (၁၆၃)
အဆီဓာတ် (၁၄ဂရမ်)
ပရိုတင်း (၅.၅ဂရမ်)
ကာဗွန်ဟိုက်ဒရိုတ် (၆.၅ဂရမ်)
အမျှင် (၃ဂရမ်)
ဗီတာမင်အီး (၃၇ရာခိုင်နှုန်း)
နီယာစင် (Niacin) (၁၀ရာခိုင်နှုန်း)
ဗီတာမင် B6 (၁၁ရာခိုင်နှုန်း)
သံဓာတ် (၆ရာခိုင်နှုန်း)
မဂ္ဂနီစီယမ် (၉ရာခိုင်နှုန်း)
ဇင့်ဓာတ် (၁၀ရာခိုင်နှုန်း)

နေကြာစေ့ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတချို့

  • ရောင်ရမ်းနာကျင်မှုကို လျော့ချပေးတယ်
  • နှလုံးရောဂါဖြစ်နိုင်ချေကို ဖြတ်တောက်ပေးတယ်
  • ဆီးချိုရောဂါသမားတွေအတွက် ကောင်းတယ်
  • ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးတယ်
  • ကင်ဆာရောဂါဖြစ်နိုင်ချေကို လျော့ချပေးတယ်
  • ကိုလက်စထရောကိုလျော့ချပေးတယ်
  • ဦးနှောက်လုပ်ဆောင်ချက်အားကောင်းစေတယ်
  • အသားရေအတွက် ကောင်းမွန်တယ်

နေကြာစေ့စားသုံးခြင်းရဲ့ဘေးထွက်ဆိုးကျိုးတချို့

နေကြာစေ့စားသုံးတာက ဘေးကင်းပါတယ်။ ဒါပေမဲ့ တချို့အခြေအနေတွေမှာ ဘေးထွက်ဆိုးကျိုးတချို့ကို ကြုံတွေ့ရနိုင်ပါတယ်။ ဆိုဒီယမ်နဲ့ ကယ်လိုရီဓာတ်ကြွယ်ဝတဲ့အတွက် ကယ်လိုရီစားသုံးမှုပမာဏကို သတိထားနေရတဲ့သူတွေကတော့ ဂရုတစိုက်စားသုံးပေးသင့်ပါတယ်။ နေကြာစေ့ကို အလွန်အကျွံစားသုံးတာက အော့အန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ တချို့လူတွေက နေကြာစေ့စားသုံးပြီးနောက် ဓာတ်မတည့်တာမျိုးတွေကြုံတွေ့ရနိုင်ပါတယ်။ အသက်ရှုရခက်တာ၊ ပန်းနာရင်ကြပ်၊ ပါးစပ်ရောင်ရမ်းတာ၊ ပါးစပ်ယားယံတာ၊ အရေပြားမှာ အနီကွက်ထွက်တာ၊ အော့အန်တာတွေက နေကြာစေ့ကြောင့်ဖြစ်တဲ့ ဓာတ်မတည့်ခြင်းလက္ခဏာရပ်တချို့ပါပဲ။ နေကြာစေ့ကို တစ်နေ့ကို (၃၀) ဂရမ်ထက်ကျော်ပြီး မစားသုံးသင့်ပါဘူး။

Ref: Sunflower seeds: Nutrition, health benefits and the best way to have them


WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top