လူမှုကွန်ယက်အကောင့်သုံးပြီး နှစ်တော်တော်ကြာပျောက်ဆုံးနေတဲ့မိသားစုဓာတ်ပုံကို ပိုင်ရှင်ဆီ ပြန်ပေးနိုင်ခဲ့သူ

25-2-2021-yyl50.jpg

ဓာတ်ပုံတစ်ပုံဟာ မိသားစုတစ်စုအတွက်တန်ဖိုးရှိတဲ့အရာတစ်ခုပါ။ အမှတ်တရတွေနဲ့ပြည့်နေတဲ့ဓာတ်ပုံကို မိသားစုတစ်စုက နှစ်တော်တော်ကြာမှ လူတစ်ယောက်ပြန်ပေးလို့ ရရှိခဲ့ရပါတယ်။ မိသားစုဓာတ်ပုံကို ပြန်ပေးခဲ့သူက ဗစ်တိုးရီးယား ဂျွန်ဆန် (Victoria Johnson) ဆိုတဲ့အမျိုးသမီးတစ်ဦးပါပဲ။ လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်က ဗစ်တိုးရီးယားဟာ နယူးယောက်မြို့က စာအုပ်အဟောင်းဆိုင်တစ်ခုကနေ စာအုပ်တစ်အုပ်ဝယ်ယူခဲ့ပါတယ်။ အဲဒီစာအုပ်ထဲမှာ ဆယ်စုနှစ်များစွာရှိတဲ့မိသားစုဓာတ်ပုံကို တွေ့ခဲ့ရတာပါ။ သူဟာ လူမှုကွန်ယက်အကူအညီနဲ့ အဲဒီမိသားစုဓာတ်ပုံကို တက္ကဆက်ပြည်နယ်က ပိုင်ရှင်ဆီ မတ်လ ၃ ရက်နေ့ ပြန်ပို့ပေးနိုင်ခဲ့ပါတယ်။

ဗစ်တိုးရီးယားဟာ သူ့ရဲ့သိလိုစိတ်က အဲဒီဓာတ်ပုံကို ဆယ်စုနှစ်တစ်ခုကျော်ကြာတဲ့အထိ လက်ထဲမှာ ရှိနေစေခဲ့ပြီး မကြာသေးခင်ကမှ မဖြစ်မနေပြန်ပေးရမယ်ဆိုတဲ့ စိတ်ဖြစ်မိခဲ့တယ်လို့ ဆိုပါတယ်။ “ဒါဟာ လူသားတွေကို တခြားလူသားတွေနဲ့ ဆက်သွယ်ဖို့ကူညီတာပါပဲ။ ကပ်ရောဂါအတွင်း နည်းအမျိုးမျိုးနဲ့ ခက်ခဲခဲ့ရတယ်”လို့ ဗစ်တိုးရီးယားက ပြောပါတယ်။

ဗစ်တိုးရီးယားဟာ တစ်စုံတစ်ယောက်က ဓာတ်ပုံထဲက မိသားစုကို သိလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အဲဒီဓာတ်ပုံကို တွစ်တာအကောင့်မှာ တင်ခဲ့ပါတယ်။ (၄၈) နာရီအတွင်းမှာပဲ ဓာတ်ပုံထဲက အမျိုးသားရဲ့တူမက ထွက်ပေါ်လာခဲ့ပါတယ်။ အိုဟိုင်းယိုးပြည်နယ်က ကာရို ဟောလက်တ် (Carol Howlett) က “ ဒါက သူ့ရဲ့ ဦးလေး ရှယ်လ်ဒန် နဲ့ သူ့မိသားစုလို့ ထင်တယ်”လို့ ရေးသားခဲ့ပါတယ်။

အဲဒီအဆက်အသွယ်ကနေတဆင့် ဗစ်တိုးရီးယားက ဓာတ်ပုံထဲက အငယ်ဆုံးသမီးနဲ့ဆက်သွယ်ဖြစ်ခဲ့တယ်။ အခုအသက် ၆၅ နှစ်ရှိပြီဖြစ်တဲ့ ဗာလာရီ ဆူဒတ်သ် (Valerie Sudduth)က သူ အဲဒီဓာတ်ပုံကို မမြင်ခဲ့ဖူးဘူး။ ဒါပေမဲ့ သူ့မိခင်ရဲ့ခင်ပွန်းအသစ်နဲ့ ပထမဆုံးရိုက်ခဲ့တဲ့ဓာတ်ပုံဖြစ်တယ်ဆိုတာကိုတော့ မှတ်မိတယ်လို့ ဆိုပါတယ်။

“ဓာတ်ပုံထဲမှာ ကျွန်မဖြစ်နေတဲ့ပုံစံက ကျွန်မရဲ့ဆံပင်ပုံစံအသစ်ပဲ။ ပြီးတော့ငါ့မှာအဖေရတဲ့အတွက် ငါအရမ်းအရမ်းပျော်နေတယ်” လို့ ဗာလာရီက ပြောပါတယ်။ ဗာလာရီကလည်း ဂျွန်ဆန်ကို ဓာတ်ပုံသိမ်းထားပေးခဲ့တဲ့အတွက် အရမ်းကျေးဇူးတင်လို့နေပပါတယ်။

Ref: ABCNews “Woman uses power of Twitter to return long-lost family photo”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top