အမေဇုံမိုးသစ်တောထဲမှ ဧက ၄ သိန်းကို ဝယ်ယူပြီး ဘေးမဲ့ကြိုးဝိုင်း သတ်မှတ်ပေးခဲ့တဲ့ ဆွီဒင်ဘီလျံနာ

swedish.jpg

ဆွီဒင်ဘီလျံနာ ဂျိုဟန်အီးလီးယက်ချ်ဟာ အမေဇုံမိုးသစ်တောထဲမှ ဧက ၄ သိန်းကို သစ်ကုမ္ပဏီတစ်ခုထံကနေ ဝယ်ယူခဲ့ပါတယ်။ သူက သစ်ခုတ်ဖို့ ဝယ်ယူခဲ့တာ မဟုတ်ပါဘူး။ သစ်တောပြုန်းတီးခြင်းကို ကာကွယ်ဖို့အတွက် ဘေးမဲ့ကြိုးဝိုင်းအဖြစ် သတ်မှတ်ဖို့ ဝယ်ယူခဲ့တာပါ။

ပေါင် ၂.၄ ဘီလျံ ကြွယ်ဝချမ်းသာတဲ့ ဂျိုဟန်အီးလီးယက်ချ်ဟာ ၂၀၀၅ ခုနှစ်က ဘရာဇီးနိုင်ငံထဲမှာရှိတဲ့ အမေဇုံမိုးသစ်တောထဲမှ အကျယ်အဝန်း ဧက ၄ သိန်းကို အမေရိကန်ဒေါ်လာ ၁၄ သန်းပေးချေပြီး ဝယ်ယူခဲ့တာပါ။ သူ့ရဲ့လုပ်ဆောင်ချက်ကြောင့် မိုးသစ်တောထဲမှ အပင်တွေ၊ တိရစ္ဆာန်တွေနဲ့ ဂေဟစနစ်ကိုပါ ထိန်းသိမ်းကာကွယ်ပေးနိုင်ခဲ့ပါတယ်။

Ref: Swedish billionaire activist’s novel approach to rainforest conservation is to buy it and protect it.

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top