ချိုချိုလေးနဲ့ စားကောင်းတဲ့ ဂေါ်ရခါးသီး

whole-chayotes-PHPVF3Y.jpg

ဂေါ်ရခါးသီးလို့ပြောလိုက်ရင် ထွေထွေထူးထူးပြောနေစရာမလိုအောင် သိထားပြီးဖြစ်မှာပါ။ ဂေါ်ရခါးသီးကို ကြက်ဥ၊ ဘဲဥတွေနဲ့ရောကြော်ပြီးစားကြသလို ကြက်သားနဲ့ ကာလသားချက် လေးလည်း ချက်စားတတ်သေးတယ်နော်။ မုန့်နှစ်နဲ့ကြော်ပြီး အချဉ်လေးနဲ့ပဲတို့စားစား ဂျူးမြစ်လေးနဲ့ပဲ ချဉ်ရည်ချက်ချက် စားကောင်းတာကတော့ အမှန်ပါပဲ။ စားလိုက်တိုင်းမှာ အရည်ရွှမ်းရွှမ်း ချိုချိုလေးဖြစ်နေတာကိုက ဂေါ်ရခါးသီးရဲ့ ထူးခြားတဲ့ ပင်ကိုသဘာဝ အရသာလေးပါ။

ဂေါ်ရခါးသီး

အစိမ်းရောင် ခပ်ဖျော့ဖျော့အခွံလေးရှိပြီး ခပ်ရှည်ရှည်အသီးလေးပါ။ မြန်မာနိုင်ငံရဲ့ ရှမ်းပြည်နယ်မှာ ပေါက်ရောက်လေ့ရှိပြီး အရှေ့တောင်အာရှနိုင်ငံ တော်တော်များများမှာ စားသုံးကြတဲ့ အသီးလေးတစ်မျိုးပါ။ ရေဓါတ်ပါဝင်မှုများတာကြောင့် ကျန်းမာရေးအတွက် တော်တော်လေး အထောက်အကူပြုပေးနိုင်ပါတယ်နော်။

ဘာဓါတ်တွေပါလဲ

ဂေါ်ရခါးသီးမှာ အခုလို အာဟာရဓါတ်တွေပါဝင်နေပါတယ်။

ဗီတာမင် ဘီ
ဗီတာမင် စီ
ဖောလိတ်
ဗီတာမင်
နီကာဆင်
သီရာမင်း
ရေဓါတ်
အမျှင်ဓါတ်
ကယ်လ်ဆီယမ်
ပိုတက်ဆီယမ်
ပရိုတင်း
ဗီတာမင် ဒီ တို့ပါဝင်နေပါတယ်။

ဂေါ်ရခါးသီးစားပေးရင် ရရှိမယ့်ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေများလဲ

ဂေါ်ရခါးသီးက စားကောင်းသလို အခုလိုကျန်းမာရေးအကျိုးကျေးဇူးလေးတွေလည်း ရရှိစေနိုင်ပါသေးတယ်။

ဝိတ်ကျစေတယ် – ကယ်လ်လိုရီပါဝင်မှုနည်းပြီး ကိုလက်စထရောနဲ့ ပြည့်ဝဆီလုံးဝမပါဝင်တာကြောင့် ကိုယ်အလေးချိန်ချချင်နေသူတွေ စိတ်ကြိုက်စားပေးလို့ရပါတယ်။

မွေးရာပါချို့ယွင်းချက်မပါအောင် ကာကွယ်ပေးတယ် – ဗီတာမင်B complex၊ ဖောလိတ်တို့လိုမျိုး ကိုယ်ဝန်ဆောင်ချိန်မှာ စားပေးသင့်တဲ့ အာဟာရဓါတ်တွေ ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်မေမေတွေ စားသုံးပေးမယ်ဆိုရင် မွေးလာမယ့် ကလေးမှာမွေးရာပါချို့ယွင်းချက် ပါတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

သွေးတွင်းကိုလက်စထရောကျစေနိုင်တယ် – ပြည့်ဝဆီလုံးဝမပါဝင်တာကြောင့် သွေးတွင်းကိုလက်စထရောကို မတက်စေဘဲ ကိုလက်စထရောပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။

သက်လုံကောင်းစေနိုင်တယ် – ပိုတက်ဆီယမ်ပါဝင်တာကြောင့် ခန္ဓါကိုယ်ကို သက်လုံကောင်းစေပြီး အမောခံနိုင်စေပါတယ်။

အရွယ်မတိုင်ခင် အိုမင်းတာကို ကာကွယ်ပေးတယ် – ဖလေဗာနွိုက်ပါဝင်တာကြောင့် ခန္ဓါကိုယ်နဲ့ အရေပြားဆဲလ်တွေကို ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေက အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဂေါ်ရခါးသီး ပုံမှန်စားပေးခြင်းက အရွယ်တင်နုပျိုစေမယ့် နည်းလမ်းတစ်ခုပေါ့။

ကျောက်ကပ်ကျောက်တည်တာကို သက်သာစေနိုင်ပါတယ် – လေ့လာတွေ့ရှိချက်တွေအရ ကျောက်ကပ်ကျောက်တည်နေသူတွေ အနေနဲ့ ဂေါ်ရခါးသီးစားပေးမယ်ဆိုရင် သက်သာစေနိုင်တယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။

ဝမ်းချုပ်တာကို သက်သာစေနိုင်တယ် – ခန္ဓါကိုယ်အတွက် လုံလောက်တဲ့ အမျှင်ဓါတ်များစွာပါဝင်နေတာကြောင့် အစာခြေစနစ်ကို အကောင်းဆုံးထောက်ပံ့ ပေးနိုင်တာကြောင့် ဝမ်းချုပ်တာကို သက်သာစေနိုင်ပါတယ်။

သွေးတိုးကျစေနိုင်တယ်– ပိုတက်ဆီယမ်ပါဝင်တာကြောင့် သွေးတိုးကျစေနိုင်ပါတယ်။ သွေးတိုးရှိသူတွေ၊ သွေးတိုးကာကွယ်ချင်သူတွေ စားပေးသင့်ပါတယ်။

နှလုံးရောဂါကာကွယ်ပေးနိုင်တယ် – ဂေါ်ရခါးသီးမှာ ဓါတ်တိုးဆန့်ကျင် ပစ္စည်းတစ်မျိုးဖြစ်တဲ့ ဗီတာမင် စီ ကြွယ်ဝစွာပါဝင်တာကြောင့် နှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

သွေးအားနည်းရောဂါ – သွေးတွင်းမှာသွေးနီဥဆဲလ်တွေ နည်းနေတာကြောင့် သွေးအားနည်းရောဂါဖြစ်ရတာပါ။ ဂေါ်ရခါးသီးမှာ သံဓါတ်နဲ့ ဗီတာမင် B2 တို့ပါဝင်နေတာကြောင့် သွေးနီဥဆြလ်တွေကို ဖြစ်ပေါ်စေပြီး သွေးအားမနည်းအောင် ကာကွယ်ပေးနိုင်ပါတယ်။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top