မိတ်ကပ်ဘရပ်ရှ်တွေကို သန့်ရှင်းနိုင်မယ့် နည်းလမ်းတွေ

beauty-portrait-woman-eyelashes-makeup-brushes-PUNQE9T.jpg

သင့်ရဲ့ မိတ်ကပ် ဘရပ်ရှ်တွေကို နောက်ဆုံးအကြိမ် သန့်ရှင်းခဲ့တာ ဘယ်တုန်းက ဖြစ်မလဲ။ လွန်ခဲ့တဲ့အပတ်တုန်းက ဒါမှမဟုတ် ပြီးခဲ့တဲ့လက မဟုတ်ဘူးဆိုရင် ဘရပ်ရှ် ဆေးရည်နဲ့ ဆေးနေကျအချိန် ဖြစ်မှာပါ။

တကယ်ဆိုရင် ဘရပ်ရှ်ဆေးတယ်ဆိုတာ ဘယ်သူမှ မလုပ်ချင်တဲ့ သာမန်အလုပ်တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ဘရပ်ရှ်တွေကို သန့်ရှင်းဖို့ အချိန်ယူတယ်ဆိုတာ တကယ်လိုအပ်တဲ့အရာ ဖြစ်ပါတယ်။

ညစ်ပတ်တဲ့ဘရပ်ရှ်တွေဟာ ဘတ်တီးရီးယားတွေ ခိုအောင်းနေနိုင်တာမို့လို့ အရေပြား ပြသနာတွေနဲ့ ယားယံမှုတွေကို လျော့ချဖို့သာမက ပိုကြာရှည်ခံပြီး ကောင်းကောင်းသုံးလို့ရအောင် ဘရပ်ရှ်တွေကို သန့်ရှင်းပေးရတာ ဖြစ်ပါတယ်။ ပြီးတော့ မိတ်ကပ် ဘရပ်ရှ်ကောင်းကောင်းတစ်စုံဟာ ဈေးကြီးပြီးတော့ သန့်စင်တဲ့နည်းလမ်းကိုလဲ သေချာ ဂရုစိုက်သင့်ပါတယ်။

ဘယ်နှစ်ကြိမ် သန့်စင်သင့်သလဲ

သင်ဟာ သင့်ရဲ့ဘရပ်ရှ်တွေကို ဘယ်လို ပုံမှန်သန့်စင်လဲဆိုတာ သင်ဘရပ်ရှ်တွေကို ဘယ်နှစ်ကြိမ် အသုံးပြုလဲဆိုတဲ့ အရေအတွက်ပေါ်  မူတည်ပါတယ်။ မိတ်ကပ်ပညာရှင်တွေဟာ နေ့တိုင်း ဘရပ်ရှ်တွေကို သန့်စင်ပေးကြပါတယ်။ အထူးသဖြင့် အရည် ဒါမှမဟုတ် ခရမ်ပုံစံတွေ အသုံးပြုတဲ့ ဘရပ်ရှ်တွေကို အများဆုံး တစ်ပတ်တစ်ကြိမ် ဆေးကြောပေးဖို့ လိုအပ်ပါတယ်။ အိုင်းရှဲဒိုး ဒါမှမဟုတ် ဘရွန်ဇာ (bronzer) တွေ သုံးတဲ့ ဘရပ်ရှ်တွေကိုတော့ တစ်လတစ်ကြိမ်သာ ဆေးကြောပေးနိုင်ပါတယ်။

ဘယ်လို ဘရပ်ရှ်ဆေးရည် အမျိုးအစားကို သုံးသင့်လဲ

ဘရပ်ရှ်တွေကို သန့်ရှင်းဖို့အတွက် ဘရပ်ရှ်ဆေးရည်၊ ဂျဲလ်နဲ့ အဆီတွေ ရှိတာကြောင့် လွယ်ကူလာပါပြီ။ ဒါပေမဲ့ သင်ရွေးချယ်လိုက်တဲ့ နည်းလမ်းက သင့်ဘရပ်ရှ်ကို ပြုလုပ်ထားတဲ့အမျှင် အမျိုးအစားပေါ် မူတည်ပါတယ်။ သဘာဝ အမွေးအမျှင် ဘရပ်ရှ်အတွက် gentle cleanser (သန့်စင်ဆေးရည်) ကို အသုံးပြုတာ အကောင်းဆုံးဖြစ်ပါတယ်။ ဒါမှသာ ဘတ်တီးရီးယားတွေကို ဖယ်ရှားနိုင်ပြီးတော့ ခြောက်သွေ့စေမှာ ဖြစ်ပါတယ်။

ဘယ်နည်းလမ်းက အကောင်းဆုံးလဲ

သင့်ဘရပ်ရှ်တွေကို သန့်စင်ဖို့ ဘရပ်ရှ်ဆေးရည်၊ ရေနွေးတို့ လိုအပ်ပါတယ်။ ဘရပ်ရှ်တွေကို ရေနွေးထဲမှာ သီးခြား နှစ်မြှုပ်ပေးပါ။ ဆပ်ပြာထဲကို ပွတ်မဆေးခင် ဘရပ်ရှ်ရဲ့အရင်းမှာပါတဲ့ သတ္တုကို မထိအောင် သတိထားပေးပါ။ ပြီးရင် သင့်ရဲ့လက်ထဲမှာ ညင်သာစွာ ပွတ်ပေးပါ။ သန့်စင်သွားတဲ့အထိ ရေနဲ့ ထပ်ခါထပ်ခါ ဆေးကြောပေးပါ။ အမွေးအမျှင်တွေကို ဆပ်ပြာဆေးဖို့ လက်အိတ်လည်း ဝတ်နိုင်ပါတယ်။

ဘရပ်ရှ်တွေကို ဘယ်လို ခြောက်အောင် လုပ်သင့်လဲ

သင့်ဘရပ်ရှ်တွေကို ဆေးကြောပြီးတဲ့အခါ ရေကို ညင်သာစွာ ညှစ်ထုတ်ပေးပါ။ အထဲမှာ စိုထိုင်းထိုင်းဖြစ်နေတာကို ကာကွယ်ဖို့အတွက် ဘရပ်ရှ်တွေကို အောက်စိုက်ထားပါ။ အရေးကြီးဆုံးအရာကတော့ အမွေးအမျှင်လေးတွေ လျော့ရဲထွက်လာတာကို ကာကွယ်ဖို့အတွက် တစ်ချိန်လုံး ခြောက်သွေ့နေဖို့ လိုပါတယ်။

Ref: independent.co.uk

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top