အန်ကောဝတ်ဘုရားကျောင်းဆီ ဆင်စီးပြီးလာရောက်ခြင်းကိုတားမြစ်ဖို့ တာဝန်ရှိသူတွေဆုံးဖြတ်

image-93-1024x640.png

ကမ္ဘောဒီးယားနိုင်ငံ၊ အန်ကောဝတ်ဘုရားကျောင်းဆီ နှစ်စဉ်လာရောက်တဲ့ ဘုရားဖူးအရေအတွက်က သန်းချီ ရှိပေမဲ့ လုပ်သားဆင်အရေအတွက်ကတော့ (၁၄) ကောင်ပဲ ရှိနေပါတယ်။ မနိုင်ဝန်ထမ်းနေရတဲ့ ဒီဆင် (၁၄) ကောင်ကို လာမယ့် ၂၀၂၀ အစောပိုင်းမှာ ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ မျိုးပွားရေးဂေဟာဆီ လွှဲပြောင်းပေးမယ်လို့ တာဝန်ရှိသူတွေက ဆိုလိုက်ပါတယ်။

၂၀၁၆ ခုနှစ်တုန်းက ခရီးသွားတွေကို အန်ကောဝတ်ကျောင်းတော်ဆီလိုက်ပို့ပေးတဲ့ဆင်တစ်ကောင် လဲကျ သေဆုံးခဲ့

၂၀၁၆ ခုနှစ်တုန်းက ခရီးသွားတွေကို အန်ကောဝတ်ကျောင်းတော်ဆီ လိုက်ပို့ပေးတဲ့ဆင်တစ်ကောင် လဲကျသေဆုံးခဲ့ပြီးနောက် နှစ်နှစ်ကြာပြီးနောက်မှာ နောက်ထပ်ဆင်တစ်ကောင်ဟာလည်း အမောဖောက်ပြီးသေဆုံးသွားခဲ့ပြန်ပါတယ်။

ဆင်စီးတာကိုတားမြစ်ဖို့ကိစ္စအတွက် ဆုံးဖြတ်လိုက်ကြပြီး ထောက်ခံကြောင်းလက်မှတ်ရေးထိုးသူ (၁၄၀၀၀) အထိရှိခဲ့

ဒါကြောင့် ဘုရားကျောင်းကိုသွားရာမှာ ဆင်စီးတာကို တားမြစ်ဖို့ ဆုံးဖြတ်လိုက်ကြပြီး ထောက်ခံကြောင်းလက်မှတ်ရေးထိုးသူ (၁၄၀၀၀) အထိရှိခဲ့ပါတယ်။

ခရီးသွားတွေကိုသယ်ပို့ပေးရာမှာ ဆင်အသုံးပြုခြင်းကို ရပ်ဆိုင်းသွားမယ်လို့ ဆင်ထိန်းသိမ်းရေး ကော်မတီဥက္ကဌက ဆိုပါတယ်။ ထိန်းသိမ်း စောင့်ရှောက်ရေးဂေဟာမှာရှိတဲ့ ဆင်တွေကို လာရောက်ကြည့်ရှုဓာတ်ပုံရိုက်ခွင့်ပေးထားသလို ဆင်တွေကို သဘာဝအတိုင်းပဲရှင်သန်နေစေချင်လို့ ဒီလိုမျိုးဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေမှာရှိတဲ့ တောဆင်ရိုင်းတွေဟာ တရားမဝင်အမဲလိုက်မှု၊ စားကျက်မြေပျက်စီးမှု၊ တိရစ္ဆာန်နဲ့ လူတွေကြားက အမျိုးမျိုးသောပဋိပက္ခတွကြောင့် တဖြည်းဖြည်း နဲ့ ကောင်ရေလျော့နည်းလာနေ

ကမ္ဘောဒီးယားမှာ လုပ်သားဆင် (၇၀) ဝန်းကျင်လောက်ရှိနေတယ်လို့ခန့်မှန်းရပြီး တောဆင်ရိုင်းတွေကတော့ ကောင်ရေ (၅၀၀) ဝန်းကျင်ရှိမယ်လို့ ပညာရှင်တွေက တွက်ဆထားကြပါတယ်။ ကမ္ဘောဒီးယားနဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာရှိတဲ့ တောဆင်ရိုင်းတွေဟာ တရားမဝင်အမဲလိုက်မှု၊ စားကျက်မြေပျက်စီးမှု၊ တိရစ္ဆာန်နဲ့ လူတွေကြားက အမျိုးမျိုးသောပဋိပက္ခတွကြောင့် တဖြည်းဖြည်း နဲ့ ကောင်ရေလျော့နည်းလာနေပါတယ်။

ဒါကြောင့်ပဲ ကမ္ဘောဒီးယားအစိုးရဟာ နောက်လာနောင်သားတွေအတွက် ဆင်တွေကို ထိန်းသိမ်းစောင့်ရှောက်ထားနိုင်တဲ့ နည်းဗျူဟာတွေချမှတ်ပြီး လက်တွေ့အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။

Ref: 9gag “Cambodia Will Ban Elephant Rides At Angkor Wat In 2020”
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top