မကြာသေးမီကမှ ပြုလုပ်ခဲ့တဲ့သုတေသနတွေအရ ခွေးမွေးထားတဲ့ကလေးလေးတွေရဲ့ မိဘနဲ့အပေါင်းအသင်းတွေအပေါ်ဆက်ဆံရေးဟာ တခြားကလေးတွေထက် ပိုပြီးသာလွန်နေကြကြောင်း တွေ့ရှိခဲ့ရပါတယ်။ ခြုံငုံသုံးသပ်ရမယ်ဆိုရင် အဆိုပါခွေးပိုင်ရှင်လေးတွေဟာ ငယ်စဉ်တည်းက သူတို့ရဲ့စိတ်ခံစားချက်တွေကို ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာကို ကောင်းကောင်းနားလည်ပြီးကြသူတွေ ဖြစ်နေပါတယ်။

ခွေးပိုင်ရှင်လေးတွေဟာ ငယ်စဉ်တည်းက သူတို့ရဲ့စိတ်ခံစားချက်တွေကို ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာကို ကောင်းကောင်းနားလည်ပြီးကြသူတွေ ဖြစ်
နောက်ထပ် Kent State တက္ကသိုလ်ကလည်း အသက် (၉-၁၁) နှစ်အတွင်းရှိတဲ့ ခွေးပိုင်ရှင်ကလေးငယ်တွေကို သုတေသနပြု လေ့လာခဲ့ကြပါတယ်။ အဲဒီကလေးငယ်တွေကို မေးမြန်းခဲ့တဲ့စစ်တမ်းမေးခွန်းတွေအရ ခွေးလေးတွေနဲ့ပိုနီးကပ်ကြတဲ့သူတွေဟာ မိဘ၊ ညီအစ်ကိုမောင်နှမနဲ့ သူငယ်ချင်းတွေကြားထဲမှာပါ အလွန်ကောင်းမွန်တဲ့ဆက်ဆံရေးရှိကြသူတွေဖြစ်တယ်ဆိုတာ သိလာရပါတယ်။

ခွေးလေးတွေနဲ့ပိုနီးကပ်ကြတဲ့သူတွေဟာ မိဘ၊ ညီအစ်ကိုမောင်နှမနဲ့ သူငယ်ချင်းတွေကြားထဲမှာပါ အလွန်ကောင်းမွန်တဲ့ဆက်ဆံရေးရှိကြ
ဒါ့အပြင် ခွေးတွေနဲ့ ပွတ်သီးပွတ်သပ်နေတတ်တဲ့ကလေးတွေဟာ မိခင်နဲ့ ပိုပြီး ရင်းနှီးခင်မင်တတ်တယ်လို့ဆိုပါတယ်။ တကယ်တော့ မိခင်ဆိုတာ သားသမီးတွေကို တခြားသူတွေထက်ပိုပြီး လုံခြုံနွေးထွေးမှု ပေးနိုင်ကြသူတွေပါ။ ဒါကြောင့် မိခင်နဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ကလေးတွေဟာ ပတ်ဝန်းကျင်နဲ့ရော သတ္တဝါလေးတွေနဲ့ပါ လိုက်လျောညီထွေ နေတတ်ကြသူတွေ ဖြစ်ပါတယ်။

ခွေးမွေးထားတဲ့ကလေးတွေက မမွေးထားတဲ့ကလေးတွေထက် ပိုအာရုံစူးစိုက်နိုင်ပြီး စိတ်ဖိစီးမှုနည်းပါးကြ
Kent State တက္ကသိုလ်ကပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာတော့ ကလေးတွေကို ကျွမ်းကျင်သူတွေရှေ့မှာ သူတို့အရွယ်နဲ့လိုက်ဖက်တဲ့ (၅) မိနစ်စာမိန့်ခွန်းတိုလေးတွေ ပြောခိုင်းခဲ့ပါတယ်။ ဒါကို ရုပ်သံမှတ်တမ်းယူထားပြီး ပြန်လေ့လာတဲ့အခါ ခွေးမွေးထားတဲ့ကလေးတွေက မမွေးထားတဲ့ကလေးတွေထက် စကားပြောနေစဉ်အချိန် ပိုအာရုံစူးစိုက်နိုင်ပြီး စိတ်ဖိစီးမှုနည်းပါးကြကြောင်းကိုလည်း ထပ်မံတွေ့ရှိခဲ့ကြပါတယ်။
Ref: Elitereaders “Kids Who Own Dogs Have Better Relationships With Parents and Friends, Says Study”
Po Mo Htoo Aung (ရိုးရာလေး)