မလေးရှားနိုင်ငံရဲ့ ခရီးသွားဝန်ဆောင်မူလုပ်ငန်း တိုးတက်ရေးပွဲတော်

12178162_454877174713835_223444905_n.jpg

Tourism Malaysia ကနေပြီးတော့ ကြီးမှူးပြုလုပ်တဲ့ မလေးရှားနိုင်ငံရဲ့ ခရီးသွား ဝန်ဆောင်မူလုပ်ငန်း တိုးတက်ရေး ပွဲတော်ကို အောက်တိုဘာလ ၁၆ ရက်နေ ၂၁ ရက်နေ့ထိ ကျင်းပခဲ့ပါတယ်။

ထိုပွဲကို အာဆီယံနိုင်ငံများသာ မဘဲ ဂျပန်၊ ကိုရီးယား၊ ဟောင်ကောင်၊ ဂျာမနီ၊ အိန္ဒိယ စတဲ့နိုင်ငံများ ကိုပါ မလေးရှားနိုင်ငံမှ ဖိတ်ကြားပြီး ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီပွဲကို မြန်မာနိုင်ငံမှ SweSone Media Group၊ Yangon Time Media၊ Yoyarlay Online Media၊ zawzaw Blog တို့မှ အသီးသီး သွားရောက်ခဲ့ကြပါတယ်။

မလေးရှားနိုင်ငံဟာ အရှေတောင်အာရှရဲ့ ခရီးသွားလုပ်ငန်း ဖွံံဖြိုးတဲ့နိုင်ငံများတည်းမှ တစ်ခုဖြစ်တဲ့ အပြင် ယခုမှာလည်း ခရီးသွား ဝန်ဆောင်မူတွေ ဖွံ့ဖြိုးလာအောင် နေ့စဉ် ယခုလို ပွဲတွေလုပ်ရခြင်းလည်း ဖြစ်ပါတယ်။ အာဆီယံနိုင်ငံကိုတော့ သီးခြား ပြိုင်ပွဲတွေ ပြုလုပ်ပြီး မလေးရှားနိုင်ငံရဲ့ အထင်ကရနေရာတွေကို လေ့လာခိုင်းပါတယ်။ မလေးရှား နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမူ တွေကို အာဆီယံနိုင်ငံတွေ သိအောင် ဂိမ်းပြိုင်ပွဲလေးများ ပြုလုပ်၍ ယှဉ်ပြိုင်ရပါတယ်။

ဒါ့အပြင် မလေးရှားနိုင်ငံ၏ အထင်ကရ မြို့ထဲမှ တစ်ခုဖြစ်တဲ့ ပီနန်မြို့သို့လည်း သွားရောက်ကာ မြို့၏ သမိုင်းအဆက်ဆက်များကိုလည်း လေ့လာကြရပါတယ်။ မလေးရှား နိုင်ငံသို့ ၆ ရက်တာ ရောက်ရှိနေတဲ့ အာဆီယံနိုင်ငံတွေဟာ မလေးရှားနိုင်ငံ၏ အစားအသောက်များ၊ ယဉ်ကျေးမူများ၊ လမ်းပန်းဆက်သွယ်ရေးများ ကိုအသေးစိတ် လေ့လာခွင့် ရခဲ့ပါတယ်။ မလေးရှားနိုင်ငံရဲ့ ခရီးသွား ဝန်ဆောင်မူလုပ်ငန်း တိုးတက်ရေး ပွဲတော်ဟာ တစ်နေ့ကို တစ်ကြိမ် ပြုလုပ်လေ့ ရှိတယ်လို့လည်း သိရှိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top