အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်ကုန်စည်တွေအပေါ် ဒေါ်လာ ၂ဝဝဘီလီယံအထိ အခွန်ကောက်ဖို့ စီစဉ်

694940094001_5807701898001_5807727157001-vs.jpg

အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ဟာ အမေရိကန်နိုင်ငံထဲကို တင်သွင်းတဲ့ တရုတ်ကုန်စည်တွေအတွက် အမေရိကန်ဒေါ်လာ ၂ဝဝဘီလီယံ အထိ အခွန်ကောက်ရေး အကောင်ထည်ဖော်ဖို့ စတင်နေကြောင်း ကြေညာလိုက်ပါတယ်။

အဆိုပါလုပ်ရပ်ဟာ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား ဖြစ်နေတဲ့ ကုန်သွယ်ရေးစစ်ပွဲကို အရှိန်မြင့်လာစေဖွယ်ရှိနေပါတယ်။ အမေရိကန်နိုင်ငံ ဟာ ပြီးခဲ့တဲ့သောကြာနေ့က တရုတ်ကုန်စည်တွေကို အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံ ကောက်ခံမှု စတင်လုပ်ခဲ့ရာမှာ တရုတ်ကလည်း အမေရိကန်ရဲ့ လုပ်ရပ်ကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ကုန်စည်တွေကို အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံ ကောက်ခံခဲ့ပါတယ်။

အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ်ရောဘတ် လိုက်တီဇာက တရုတ်ရဲ့ အခွန်ကောက်ခံမှုကို တုံပြန်ဖို့အတွက် နောက်ထပ် အခွန် ၁၀ ရာခိုင်နှုန်း တိုးမြင့် ကောက်ခံသွားမယ်လို့ပြောပါတယ်။ အမေရိကန်က အခွန်ကောက်ခံမယ့် စာရင်းထဲမှာ တရုတ်နိုင်ငံက တင်သွင်းတဲ့ပင်လယ်စာ၊ သစ်၊ အရွက်၊ ဆေးရွက်ကြီး၊ ကားတွေအပါဝင် ကုန်ပစ္စည်းပေါင်း ၆၃၀၁ မျိုးဖြစ်တယ်လို့ သိရပါတယ်။ အမေရိကန် အကြီးတန်းအရာရှိတစ်ဦးကလည်း ဩဂုတ် ၃၁ ရက်နေ့ နောက်ပိုင်းမှာ တရုတ်ကုန်ပစ္စည်းတွေကို နောက်ထပ် အခွန်တိုးမြင့်ကောက်ခံမှု အစီစဉ်စတင်ဖွယ်ရှိတယ်လို့ ပြောပါတယ်။

အမေရိကန်အထက်လွတ်တော် ဘဏ္ဍာရေးကော်မတီ ဥက္ကဌ အိုရင်ဟတ်ကတော့ အမေရိကန် အကြီးတန်းအရာရှိရဲ့ ကြေညာချက်က စိတ်ပျက်ဖွယ်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံအနေနဲ့ အမေရိကန်ရဲ့ဖိအားတွေကို လျော့နည်းအောင် လုပ်ဆောင်မှုမရှိဘဲ လက်တုံ့ပြန်မှုတွေ ဆက်လုပ်မယ်ဆိုရင် အမေရိကန်နိုင်ငံကို တင်သွင်းတဲ့ တရုတ်ကုန်ပစ္စည်းတွေကို အမေရိကန်ဒေါ်လာ ၅၅၀ ဘီလီယံအထိ အခွန်တိုးမြင့်ကောက်ခံမယ်လို့ ပြီးခဲ့တဲ့နှစ်က ခြိမ်းခြောက်ခဲ့ဖူးပါတယ်။

Ref: Fox news “US prepares to impose new tariffs on additional $200B worth of Chinese goods”

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top