COVID-19 ကာလအတွင်း မိသားစုကို ရှာကျွေးဖို့အတွက် Delivery အလုပ်ကို လုပ်ကိုင်နေတဲ့ ထိုင်းမင်းသား

18-5-2020-yyl-014.jpg

လက်ရှိ ကမ္ဘာ့တစ်ဝှမ်းမှာ ဖြစ်ပွားနေတဲ့ COVID-19 ကြောင့် ဝန်ထမ်းတွေ မှီခိုနေရတဲ့ စီးပွားရေးလုပ်ငန်းအသေးစားတွေနဲ့ စက်ရုံတွေ ထိခိုက်နေရပါတယ်။ တချို့ဆို ပိတ်တောင်ထားရပါတယ်။ နားထားရတဲ့ စီးပွားရေးလုပ်ငန်းတွေထဲမှာ ဖျော်ဖြေရေးနယ်ပယ်လည်း အပါအဝင်ပါပဲ။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဇာတ်ကားရိုက်ကူးမှုတွေကို ရပ်နားထားရသလို ပွဲလမ်းသဘင်တွေအားလုံးကိုလည်း ဖျက်သိမ်းထားရပါတယ်။ Deliveryအလုပ်ကတော့ ကပ်ရောဂါအတွင်းမှာ လုပ်နေရတုန်းပါပဲ။ လူတော်တော်များများက အိမ်မှာပဲနေရတဲ့အတွက် အစားအစာနဲ့ လိုအပ်တဲ့ပစ္စည်းတွေရဖို့အတွက် Delivery သမားတွေကို အားကိုးနေကြရပါတယ်။ ဆယ်လီနဲ့ လေယာဉ်မှူးတွေအပါအဝင် လူတော်တော်များများက COVID-19 ကာလအတွင်းမှာ Delivery အလုပ်ကို လုပ်ကိုင်နေကြပါပြီ။

အဲဒီဆယ်လီတွေထဲမှာ ထိုင်းမင်းသားချော Amp Pheerawas Khunlanunthwatn လည်း သူ့ရဲ့သူငယ်ချင်းက Delivery အလုပ်လုပ်ဖို့အတွက် ဖိတ်ခေါ်တာကြောင့် Grab Delivery သမားလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ Amp ကလည်း သူငယ်ချင်းအသစ်တွေရပြီး စားသောက်ဆိုင်တွေကို ပိုသိခွင့်ရခဲ့တဲ့အတွက် ပျော်ရွှင်မိကြောင်း သူ့ရဲ့အတွေ့အကြုံကို မျှဝေခဲ့ပါတယ်။ ငွေရှာရတာခက်ခဲတာကို သိတဲ့အတွက် ငွေ ဘယ်လိုစုဆောင်းရမလဲဆိုတာကိုလည်း သင်ယူနိုင်ခဲ့တယ်လို့ Amp က ပြောပါတယ်။ သူက ဘယ်လိုအော်ဒါမျိုးမဆိုလက်ခံတဲ့အတွက် တစ်လကို ဝင်ငွေ အနည်းဆုံး ဘတ် ၃၀,၀၀၀ ရပါတယ်။ မိုးရွာတဲ့အချိန်ဆို Delivery သမားအများစုက အနားယူကြပေမဲ့ သူကတော့ မနားဘဲ ပိုပြီး အလုပ်ကြိုးစားခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။

မင်းသား Amp က သူ့ဇနီးနဲ့သမီးတို့ကို ရှာကျွေးနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိကြောင်းနဲ့ ကောင်းတဲ့အလုပ်နဲ့ ငွေရှာနေသရွေ့ ဒီအလုပ်လုပ်တာက ရှက်ရွံ့စရာလို့ မခံစားရကြောင်း ပြောပါတယ်။ ဒီကာလအတွင်းမှာ အပြင်းအထန်အလုပ်ကြိုးစားနေတဲ့ Delivery သမားတွေကို လူတိုင်းလေးစားဖို့ Amp က မျှော်လင့်နေပါတယ်။ Delivery သမားတွေက Customerတွေအတွက် အစားအစာတွေကို ဝယ်ယူပြီး ပို့ပေးဖို့အတွက် ပူပြင်းတဲ့ရာသီဥတုကို အံတုရင်း အချိန်တွေစောင့်ဆိုင်းပြီး အကြာကြီး ပို့ဆောင်ပေးရကြောင်းလည်း Amp ကမျှဝေထားပါတယ်။ အခုလိုကာလမျိုးမှာ Delivery သမားတွေက အသက်ရှင်ရပ်တည်နိုင်ဖို့ သမအာဇီဝအလုပ်လုပ်ကိုင်နေကြရတာပါ။ အခုလိုခက်ခဲနေတဲ့အချိန်အတွင်းမှာ လူတိုင်းကို ငွေတွေ ချွေချွေတာတာသုံးဖို့နဲ့သူတို့လုပ်နိုင်တာထက်ပိုပြီး မသုံးစွဲဖို့လည်း အကြံပြုထားပါတယ်။

သင်သာ အလုပ်ကြိုးစားရင် နေရာတိုင်းမှာ အခွင့်အရေးကို ဆုပ်ကိုင်နိုင်ပါတယ်။ ပြဿနာတွေရင်ဆိုင်နေရရင် လက်မလျော့ပါနဲ့။ ဒီကပ်ရောဂါအတွင်းမှာ ကြံ့ကြံံ့ခိုင်နေထိုင်နိုင်ကြပါစေ။

Ref: Thai Celebrity ‘Amp’ Works As Delivery Driver Amid COVID-19 To Support His Family

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top