အခက်အခဲကြုံရချိန်မှာ ကူညီပေးခဲ့တဲ့ မက်ဆီရဲ့အကြောင်းပြောရင်း မျက်ရည်ကျခဲ့တဲ့ နေမာ

ss2-1.jpg

သူ့အတွက် အခက်အခဲကြုံနေရချိန်မှာ မက်ဆီက သူ့ကို အားပေးကူညီခဲ့တယ်လို့ ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာက ပြောပါတယ်။ ၂၀၁၃ ခုနှစ်မှာ ဆန်းတို့စ်ကနေ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့တဲ့ နေမာဟာ ဘာစီလိုနာမှာ (၄) ရာသီကြာ ကစားပြီးနောက် ပီအက်စ်ဂျီအသင်းထံ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့သူပါ။

”လူတိုင်းကို ဒီအကြောင်း ပြောပြပါတယ်။ ကျွန်တော့်ဘဝအတွက် အားပေးကူညီမှု အရမ်းလိုအပ်နေချိန်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားက ကျွန်တော့်ကို အားပေးခဲ့တယ်။ ”မင်း ကိုယ်တိုင်ကြိုးစားရမယ်၊ ဆန်းတို့စ်မှာ ကစားတုန်းကလိုပဲ ပျော်ပျော်ရွှင်ရွှင်နေ။ ငါ့ကိုရော တခြားအသင်းဖော်တွေရော မရှက်နဲ့၊ မကြောက်နဲ့။ ငါတို့ မင်းကို ကူညီမှာပါ”လို့ သူက ပြောခဲ့ပါတယ်။ ဘာစီလိုနာမှာ မက်ဆီက ကျွန်တော့်အတွက် အရမ်းအရေးပါတဲ့သူပါ”လို့ နေမာက ပြောပါတယ်။

အသက် (၂၇) နှစ်အရွယ်ရှိတဲ့ နေမာဟာ ပီအက်စ်ဂျီအတွက် (၅၃) ပွဲ ကစားရာမှာ (၄၈) ဂိုး သွင်းယူထားပြီး လက်ရှိအချိန်မှာတော့ ခြေထောက်ကျိုးနေလို့ အနားယူနေရပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top