ပြင်သစ်လက်ရွေးစင်အဖြစ်ကနေ အနားယူလိုက်တဲ့ ခံစစ်မှူး ဗာရန်း

3.2.2023-image-1.jpg

ယူနိုက်တက်ခံစစ်မှူး ဗာရန်းက ပြင်သစ်လက်ရွေးစင် ကစားသမားဘဝကနေ အနားယူလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့လမှာ ဂိုးသမား ဟူဂိုလိုရစ် အနားယူသွားလို့ ပြင်သစ်အသင်းခေါင်းဆောင်အဖြစ် ဗာရန်းကို ခန့်အပ်ဖို့ စီစဉ်နေချိန်မှာ သူက အံ့အားသင့်ဖွယ် ကြေညာခဲ့တာပါ။

၂၉ နှစ်သား ဗာရန်းဟာ ၂၀၁၃ ခုနှစ်မှာ ပြင်သစ်လက်ရွေးစင်အဖြစ် စတင်ပါဝင်ခွင့်ရခဲ့တာဖြစ်ပြီး လက်ရွေးစင်အသင်းအတွက် ၉၃ ပွဲ ပါဝင်ကစားခဲ့သူပါ။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ပြင်သစ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top