ပရီးမီးယားလိဂ် ကလပ်တွေထဲမှာ ဝင်ငွေအများဆုံးအသင်းအဖြစ် မန်ယူ ရပ်တည်နေဆဲ

yyl-008-7.jpg

မန်ယူအသင်းဟာ ကွင်းတွင်းအောင်မြင်မှုတွေ ဝေးကွာနေပေမဲ့ ပရီးမီးယားလိဂ် ကလပ်တွေထဲမှာ ဝင်ငွေအများဆုံးရရှိတဲ့အသင်းအဖြစ် ရပ်တည်ခဲ့ပါတယ် မန်ယူအသင်းဟာ ၂၀၁၈-၂၀၁၉ ရာသီမှာ ဝင်ငွေ ပေါင် ၆၂၇.၁ သန်းရရှိခဲ့ပြီး ကမ္ဘာ့ဘောလုံးကလပ်တွေထဲမှာ တတိယမြောက် ဝင်ငွေအများဆုံး အသင်းအဖြစ် ရပ်တည်နေပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ဘာစီလိုနာအသင်းက ဝင်ငွေပေါင် ၇၄၁.၁ သန်း ရရှိခဲ့ပြီး ရီးရဲလ်အသင်းက ပေါင် ၆၆၇.၅ သန်းရရှိခဲ့ပါတယ်။

၁၉၉၆-၁၉၉၇ ရာသီမှာ Deloitte ဘဏ္ဍာရေး စာရင်းအင်းကုမ္ပဏီက ဘောလုံးကလပ်တွေရဲ့ ဝင်ငွေကို စစ်တမ်းကောက်ယူခဲ့ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်ကလပ်တွေထဲမှာ မန်ယူအသင်းက ထိပ်ဆုံးနေရာ ရပ်တည်ခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းရဲ့ အနီးကပ်ဆုံးပြိုင်ဘက်တွေဖြစ်တဲ့ မန်စီးတီးနဲ့ လီဗာပူး အသင်းတွေကတော့ ပြီးခဲ့တဲ့ရာသီက ဝင်ငွေအများဆုံး အသင်းစာရင်းမှာ အဆင့်(၆)၊ အဆင့်(၇)နေရာတွေ ရပ်တည်ခဲ့ပါတယ်။ မန်ယူဟာ ၂၀၁၉-၂၀၂၀ ရာသီမှာတော့ ဝင်ငွေ ပေါင်သန်း ၅၆၀ ကနေ ၅၈၀ ကြားသာ ရဖွယ်ရှိနေလို့ မန်စီးတီး၊ လီဗာပူးအသင်းတွေက သူတို့ကို ကျော်ဖြတ်သွားနိုင်ဖို့ ရှိနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top