တပါးသူအပေါ် ကြင်နာစိတ် ထားရှိပါက စိတ်ကျရောဂါနဲ့ စိုးရိမ်ပူပန်မှု လျော့ကျစေနိုင်

16-1-2023-yyl-125.jpg

တပါးသူအပေါ် အကြင်နာထားသူတွေဟာ စိတ်ကျရောဂါနဲ့ စိုးရိမ်ပူပန်မှု လျော့ကျစေတယ်လို့ သုတေသနတစ်ရပ်မှာ တွေ့ရှိခဲ့ပါတယ်။ အိုဟိုင်းယိုးတက္ကသိုလ်မှ သုတေသီတွေဟာ လူ ၁၂၂ ယောက်ကို အဖွဲ့ ၃ ဖွဲ့ခွဲပြီး ဆန်းစစ်မှုလုပ်ခဲ့တာပါ။

အဖွဲ့ ၃ ဖွဲ့အနက် ၂ ဖွဲ့ကတော့ စိတ်ကျရောဂါ ခံစားရသူတွေအတွက် ပုံမှန်ကုထုံးဖြစ်တဲ့ အပျက်သဘောဆောင်တဲ့ အတွေးတွေကို ခွဲခြားဖော်ထုတ်ပြီး ဆန့်ကျင်ဘက် ပြန်တွေးခိုင်းတဲ့ ပုံစံမျိုး လုပ်ခိုင်းခဲ့ပါတယ်။ နောက်တစ်ဖွဲ့ကိုတော့ တစ်ပတ်မှာ ၂ ရက်၊ ၁ ရက်မှာ ၃ ကြိမ်နှုန်းနဲ့ တပါးသူတွေအပေါ် အကြင်နာထားတဲ့ လုပ်ရပ်တွေ လုပ်ခိုင်းခဲ့တာပါ။

သီတင်းပတ် ၁၀ ပတ်ကြာပြီးနောက်မှာတော့ အဖွဲ့ ၃ ဖွဲ့လုံး ကိုယ့်ဘဝအပေါ် ကျေနပ်အားရစိတ်တွေ မြင့်တက်လာပြီး စိတ်ကျမှုနဲ့ စိုးရိမ်ပူပန်မှုတွေ လျော့ကျသွားတာ တွေ့ခဲ့ရပါတယ်။ ဒီတွေ့ရှိချက်ကို Positive Psychology စာစောင်မှာ ရေးသားဖော်ပြခဲ့တာပါ။

Ref:New Study Suggests Acts Of Kindness May Be The Best Medicine For Depression And Anxiety

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top