ကြွယ်ဝချမ်းသာမှု ဒေါ်လာ သန်း ၇၇၀ နဲ့ ကမ္ဘာ့စတုတ္ထမြောက်အချမ်းသာဆုံးမင်းသားဖြစ်လာတဲ့ ရှရွတ်ခန်း

13-1-2023-yyl-122.jpg

ဘုရင်ခန်းလို့ ချစ်စနိုးခေါ်ကြတဲ့ ဘောလိဝုဒ်စူပါစတား ရှရွတ်ခန်းဟာ ကမ္ဘာ့အချမ်းသာဆုံးမင်းသားစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ သူဟာ ကမ္ဘာ့စတုတ္ထမြောက်အချမ်းသာဆုံးမင်းသားအဖြစ် ရပ်တည်နေပါတယ်။

တနင်္ဂနွေနေ့က တွစ်တာမှာ World of Statistics က ထုတ်ပြန်ခဲ့တဲ့ “ကမ္ဘာ့အချမ်းသာဆုံးမင်းသားစာရင်း”အရ ရှရွတ်ခန်းက ကြွယ်ဝချမ်းသာမှု ဒေါ်လာ သန်း ၇၇၀ နဲ့ တစ်ဦးတည်းသောအိန္ဒိယမင်းသားအဖြစ် စာရင်းမှာပါဝင်ခဲ့ပါတယ်။ အမေရိကန်ဟာသသရုပ်ဆောင်မင်းသား ဂျယ်ရီစိန်ဖီဒ်က ကြွယ်ဝချမ်းသာမှု ဒေါ်လာ ၁ ဘီလျံနဲ့ ကမ္ဘာ့အချမ်းသာဆုံးမင်းသားအဖြစ် ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ တေလာပယ်ရီကလည်း ကြွယ်ဝချမ်းသာမှု ဒေါ်လာ ၁ဘီလျံဖြစ်ပေမဲ့ စာရင်းရဲ့ နံပါတ် (၂) နေရာမှာ ရှိနေပါတယ်။ ပြီးရင် ကြွယ်ဝချမ်းသာမှု ဒေါ်လာ သန်း ၈၀၀ ရှိတဲ့ ဒွိန်းဂျွန်ဆန် (The Rock) က နံပါတ် (၃) နေရာမှာပါ။

ရှရွတ်ခန်းက မင်းသမီး ဒီပီကာပက်ဒူကုန်းနဲ့အတူ ပါဝင်သရုပ်ဆောင်ထားတဲ့ သူ့ရဲ့ရုပ်ရှင်ကားသစ် Pathaan ရုံတင်ပြသဖို့ ပြင်ဆင်နေပါတယ်။ အဲဒီဇာတ်ကားနဲ့ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာလည်း ပရိုမိုးရှင်းတွေလုပ်နေတဲ့ ရှရွတ်ခန်းဟာ နိုအီဒါမြို့က ပွဲတစ်ပွဲကို မကြာသေးခင်က တက်ရောက်ခဲ့ပါတယ်။ သူနဲ့တွေ့ဆုံခွင့်ရတဲ့ တချို့ပရိသတ်တွေရဲ့ပုံတွေကလည်း လူမှုကွန်ယက်ပေါ်မှာ ထွက်ပေါ်လာခဲ့ပါတယ်။ သူ အလုပ်များနေတဲ့ကြားက ပရိသတ်တွေအတွက် အချိန်ပေးပြီး သူ့ရဲ့ဟိုတယ်အခန်းမှာ ပရိသတ်တွေကို ဧည့်ခံခဲ့အပြင် ဓာတ်ပုံလည်း တွဲရိုက်ပေးခဲ့ပါတယ်။ ပရိသတ်တစ်ဦးကလည်း ဓာတ်ပုံတွေနဲ့အတူ မနက် ၂ နာရီလောက်မှာ သူတို့အတွက် အချိန်ပေးလို့ ရှရွတ်ခန်းကို ကျေးဇူးတင်ထားပါတယ်။

Ref: Tribune “Shah Rukh Khan is fourth richest actor in the world with net worth of
$770 million”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top