လူမှုကွန်ရက်မှာ လူပြောများနေတဲ့ ထိုင်ဝမ်စားသောက်ဆိုင်ရဲ့ မိချောင်းလက်ခေါက်ဆွဲပြုတ်

27.6.2023-yyl-9.jpg

ထိုင်ဝမ်ခေါက်ဆွဲဆိုင်တွေကတော့ သူ့ထက်ငါ အပြိုင်အဆိုင် အဆန်းထွင်နေကြပါတယ်။ ပြီးခဲ့တဲ့ လကုန်မှာ Yuan Ramen ဆိုင်က အရေခွံ ခွာမထားတဲ့ ဖားခေါက်ဆွဲပြုတ်ကို Frog Frog Frog Ramen နာမည်နဲ့ ရောင်းချခဲ့လို့ လူမှုကွန်ရက်မှာ လူပြောများခဲ့ပါတယ်။

အခုအခါမှာလည်း ထိုင်ဝမ်အနောက်ပိုင်း တိုလျူမြို့မှာရှိတဲ့ ခေါက်ဆွဲဆိုင်က မိချောင်းလက်ခေါက်ဆွဲပြုတ်ကို Godzilla Ramen အမည်နဲ့ အသစ်ထွင်ခဲ့ပြန်ပါတယ်။ Witch Cat Ramen ခေါက်ဆွဲဆိုင်ပိုင်ရှင်ဟာ ထိုင်းနိုင်ငံကို အလည်အပတ်သွားတုန်းက မိချောင်းဟင်းချို ဘယ်လိုချက်ရမလဲဆိုတာ လေ့လာခဲ့ပြီးနောက် Godzilla Ramen ခေါက်ဆွဲပြုတ် ထွင်ခဲ့တာပါ။

ပန်းကန်ထဲမှာ မိချောင်းလက် ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ Godzilla Ramen ခေါက်ဆွဲပြုတ်ပန်းကန်ကို ဓာတ်ပုံရိုက်ပြီး ဖေ့ဘွတ်ခ်ပေါ် တင်ခဲ့ပြီးနောက် အချိန်တိုအတွင်း ပျံ့နှံ့သွားခဲ့ပါတယ်။ မိချောင်းလက်ခေါက်ဆွဲပြုတ်တစ်ပွဲကို အမေရိကန်ဒေါ်လာ ၄၈ ဒေါ်လာ ( ထိုင်ဝမ်ဒေါ်လာ ၁၅၀၀) ကျသင့်မှာဖြစ်ပြီး အမှန်တကယ်မစားဘဲ ဓာတ်ပုံရိုက်ဖို့သပ်သပ် မှာသူတွေကတော့ အစားအစာလေလွင့်ခ ထိုင်ဝမ်ဒေါ်လာ ၁၀၀ ပေးရမှာပါ။

Godzilla Ramen ခေါက်ဆွဲပြုတ်ဟာ အွန်လိုင်းပေါ်မှာ လူပြောများတဲ့ အကြောင်းအရာတစ်ရပ်ဖြစ်နေပြီး ဝေဖန်မှုအများအပြား ရင်ဆိုင်နေရပါတယ်။ ဒါဟာ ရှက်စရာကောင်းတဲ့ မားကတ်တင်းနည်းလမ်းတစ်ရပ်လို့လည်း စွပ်စွဲထားကြပါတယ်။

Ref: ‘Godzilla Ramen’ Has a Crocodile Leg Sticking Out of the Bowl

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top