အာဖရိကရဲ့ သက်တမ်းအရင့်ဆုံး အမျိုးသားဥယျာဉ်ကို ကာကွယ်ပေးဖို့ မင်းသား လီယိုနာဒို ပူးပေါင်းလှုပ်ရှား

19-5-2020-yyl-006.jpg

ပြီးခဲ့တဲ့လက တိုက်ခိုက်ခံခဲ့ရတဲ့ အာဖရိကတိုက်ရဲ့ သက်တမ်းအရင့်ဆုံး ဘေးမဲ့တောကို ထောက်ပံ့ပေးဖို့ လှုပ်ရှားမှုမှာ ဟောလိဝုဒ်သရုပ်ဆောင်မင်းသား လီယိုနာဒိုဒီကာပရီယိုလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။ ကွန်ဂိုနိုင်ငံမှာရှိတဲ့ ဗီရန်ဂါအမျိုးသားဥယျာဉ်ဟာ ကမ္ဘာလှည့်ခရီးသွားတွေကြား ရေပန်းစားတဲ့ နေရာတစ်ခုဖြစ်ပြီး မျိုးသုဉ်းပျောက်ကွယ်ဖို့ အန္တရာယ်ရှိနေတဲ့ တောင်ပေါ်လူဝံတွေရှိလို့ ကျော်ကြားပါတယ်။

ပြီးခဲ့တဲ့ဧပြီလမှာ ရဝမ်ဒါလက်နက်ကိုင်အဖွဲ့လို့ သံသယရှိတဲ့အဖွဲ့ရဲ့ ချုံခိုတိုက်ခိုက်မှုကြောင့် ဥယျာဉ်အစောင့်အကြပ် ၁၂ ယောက် သေဆုံးခဲ့ပါတယ်။ အခုအခါမှာ ဗီရန်ဂါဥယျာဉ်ကို ထောက်ပံ့ပေးဖို့ ရည်ရွယ်တဲ့ ရန်ပုံငွေသစ်တစ်ရပ်ကို လီယိုနာဒိုက ထည့်ဝင်လှူဒါန်းခဲ့ပါတယ်။ လီယိုနာဒို ပူးတွဲတည်ထောင်တဲ့ Earth Alliance အဖွဲ့က မတည်ငွေ ၂ သန်းထဲက တချို့တစ်ဝက်ကို လှူဒါန်းပေးခဲ့တာပါ။ လီယိုနာဒိုဟာ ၂၀၁၄ ခုနှစ်က အော်စကာဆု ဆန်ခါတင်စာရင်းဝင်ခဲ့တဲ့ ဗီရန်ဂါအမျိုးသားဥယျာဉ် မှတ်တမ်းရုပ်ရှင်ကို ထုတ်လုပ်သူဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top