စပါးအုံးမြွေကို လက်ဗလာနဲ့ဖမ်းခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံက ဆရာမ

snake01.jpg

တိရစ္ဆာန်တွေထဲမှာဆိုရင် မြွေကို လူတော်တော်များများကြောက်ကြမှာပါ။ စာဖတ်ပရိသတ်တွေလည်း မြွေမြင်လိုက်တာနဲ့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်မိကြတယ်မလား။ တချို့ဆို မြွေမြင်တာနဲ့ တန်းနေအောင် ပြေးတော့တာပဲ။ အင်ဒိုနီးရှားနိုင်ငံက ဆရာမတစ်ဦးကတော့ ဘာလက်နက်မှာမပါဘဲ လက်ဗလာနဲ့ အနောက်ဆူလာဝေဆီပြည်နယ်က စာသင်ကျောင်းထဲကို ဝင်လာတဲ့ စပါးအုံးမြွေကို ဖမ်းခဲ့တာပါ။

ကျောင်းထဲကို မြွေဝင်လာတာကြောင့် ကလေးတွေက ကျောင်းစာကို အာရုံမစိုက်နိုင်ဘဲ ကြောက်လန့်နေကြတဲ့အတွက် မြွေကို ပူတူ အာရူ (Putu Ayu) အမည်ရတဲ့ ဆရာမတစ်ဦးက ဖမ်းခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုးမြွေကို လက်ဗလာနဲ့ ဖမ်းတာ ပထမဆုံးအကြိမ်လို့လည်း သိရပါတယ်။

စာသင်ခန်းလေး အေးဆေးငြိမ်သက်နေတဲ့အချိန်မှာ အရှည် (၂) မီတာရှိတဲ့ စပါးအုံးမြွေဟာ ကျောင်းထဲ ဝင်လာတာကို ကျောင်းသားတွေ မြင်လိုက်တဲ့အခါ စာသင်ခန်းတစ်ခုလုံး ဆူညံပွက်လောရိုက်သွားခဲ့ပါတယ်။

အဲ့ဒါနဲ့ပဲ ဆရာမက စပါးအုံးမြွေနားကို ချဉ်းကပ်ပြီး လက်ဗလာနဲ့ ဖမ်းဖို့ ကြိုးစားခဲ့ပါတယ်။ မြွေရဲ့ပါးစပ်ကို ပိတ်ထားဖို့ အခြားဆရာမတွေနဲ့ ကျောင်းသားတချို့လာမကူခင်က သူ့ကို မြွေက ပြန်ပြီး ရန်မူတယ်လို့ ဆိုပါတယ်။ ကျောင်းအုပ်က အဲ့ဒီမြွေကို ဘေးကင်းတဲ့နေရာကိုသယ်သွားဖို့ ဒေသခံတွေကို အကူအညီတောင်းခဲ့ပါတယ်။ သူတို့ကျောင်းကို စပါးအုံးမြွေတွေဝင်လာတာ ဒါဟာ ပထမဆုံးအကြိမ်မဟုတ်ဘူးလို့ သိရပါတယ်။

Ref: AsiaOne “Teacher captures python with bare hands in Indonesia”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top