ထီဆုကြီးပေါက်တာနဲ့ ချက်ချင်းအငြိမ်းစားယူပစ်ခဲ့တဲ့ ကျောင်းကားမောင်းသမား

11.9.23-yyl-10.jpg

ကင်တပ်ကီပြည်နယ်က ကျောင်းဘတ်စ်ကားမောင်းသမားတစ်ဦးဟာ ဒေါ်လာ ၁ သိန်းဆုကြီးပေါက်ပြီးတဲ့နောက်မှာ ကျောင်းကားမောင်းတဲ့အလုပ်ကနေ အငြိမ်းစားယူလိုက်ပါပြီ။ ဂျိမ်းစ် ကီအုန် ဆိုတဲ့အဲဒီအမျိုးသားက Jefferson County Public Schools မှာ ၁၁ နှစ်ကြာ အလုပ်လုပ်ခဲ့တာပါ။ သူက Lottery Powerball ထီလက်မှတ်ကို ကံစမ်းရင်း အဖြူရောင်ဘောလုံးနံပါတ် ၄ ခုလုံးနဲ့ ကိုက်ညီပြီး ထီဆုကြေး နှစ်ဆကံထူးသွားခဲ့တာပါ။

သူ ထီပေါက်တယ်ဆိုတာ သိပြီးတဲ့နောက်မှာပဲ ကျောင်းကားမောင်းသမားအဖြစ်ကနေ အငြိမ်းစားယူဖို့ ဆုံးဖြတ်ခဲ့တာပါ။ “ကျွန်တော့်သူဌေးကို ဖုန်းဆက်ပြီး ကျွန်တော်ထီပေါက်တယ်။ အလုပ်ပြန်မလာတော့ဘူးလို့ ပြောခဲ့တယ်။ ကျွန်တော့်ရဲ့အလုပ်ကို ချစ်မြတ်နိုးပေမဲ့ အလုပ်ကနေ အနားယူဖို့ စဉ်းစားနေခဲ့တာကြာပါပြီ”လို့ ဂျိမ်းစ်က ပြောပါတယ်။

ဂျိမ်းစ်က ဒေါ်လာ ၅၀၀၀၀ ပေါက်ခဲ့ပြီး ဆုငွေက ၂ ဆဖြစ်ကာ ဒေါ်လာ ၁ သိန်းဖြစ်သွားတော့ သူ့ဇနီးကို အရင်ဆုံးဆက်သွယ်ခဲ့တာပါ။ ဂျိမ်းစ်က အခွန်ဆောင်ပြီးတဲ့နောက် ထီဆုငွေ ဒေါ်လာ ၇၁၅၀၀ ရသွားခဲ့ပါတယ်။ အခုဆို သူနဲ့သူ့ဇနီးတို့က သူတို့ရဲ့ရန်ပုံငွေတွေနဲ့အတူ ဒေသတွင်းကြောင်ကယ်ဆယ်ရေးဂေဟာကို ပံ့ပိုးကူညီပေးဖို့အပြင် သူတို့ဆုငွေတွေနဲ့ မြစ်ကမ်းဘေးက အိမ်တစ်အိမ်ဝယ်ဖို့လည်း ရည်ရွယ်ထားပါတယ်။

Ref: Kentucky Bus Driver Wins $100K Lottery Prize and Immediately Retires: ‘I’m Not Coming Back’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top