ကမ္ဘာ့စံချိန်ချိုးနိုင်တဲ့ ၂၁ လက်မ နားရွက်ရှည်နဲ့ ဆိတ်လေး

7-7-2022-10.jpg

မိုဟာမတ်တ် ဟာဆန် နာရက်ဂျိုနဲ့ ဆင်မ်ဘာဆိတ်လေး

တခြားဆိတ်တွေနဲ့မတူဘဲ နားရွက်အရမ်းရှည်လွန်းတာကြောင့် နာမည်ကြီးခဲ့တဲ့ ဆိတ်လေးက အခုဆို နားရွက်က ပိုပြီးရှည်လာနေပါပြီ။ ပြီးခဲ့တဲ့လက ဆင်မ်ဘာဆိုတဲ့ အဲဒီဆိတ်လေး မွေးဖွားလာကတည်းက သူ့ကို ဒစ်စနေးရုပ်ရှင်ကားထဲက ဒမ်ဘိုဆင်ပျံလေးနဲ့ယှဉ်ပြီး ပြောရလောက်အောင် လူတွေကို ဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။ တစ်လသားအရွယ်မှာတင် ဆင်မ်ဘာက နာမည်ကြီးခဲ့တာပါ။

သူ့သခင် မိုဟာမတ်တ် ဟာဆန် နာရက်ဂျိုက ဆင်မ်ဘာရဲ့(၁၉) လက်မရှိတဲ့နားရွက်ကို တရားဝင်တိုင်းတာပြီး ကမ္ဘာ့စံချိန်တင်ဖို့ ကြိုးစားနေခဲ့တယ်လို့ ကြေညာထားခဲ့ပေမဲ့ အခု နားရွက်က ၂၁ လက်မအထိ ရှိလာပါပြီ။ ကမ္ဘာ့ဂင်းနက်စ်မှတ်တမ်းက နားရွက်အရှည်ဆုံးဆိတ်အမျိုးအစားပါဝင်ခြင်းမရှိသေးပေမဲ့ မိုဟာမတ်က်က ဆင်မ်ဘာမှာ အခွင့်အရေးရှိလာနိုင်မယ်လို့ ယုံကြည်ထားပါတယ်။ ဆင်မ်ဘာရဲ့နားရွက်က အရမ်းရှည်လွန်းတာကြောင့် နားရွက်ကို လည်ပင်းနဲ့ ကျောမှာ ရစ်ပတ်ထားဖို့ မိုဟာမတ်တ်က သိုင်းကြိုးပြုလုပ်ပေးထားရပါတယ်။

ဆင်မ်ဘာရဲ့နားရွက်က ၂၁ လက်မအထိရှိလာပါပြီ

ဆင်မ်ဘာရဲ့နားရွက်တွေက မျိုးရိုးဗီဇပြောင်းလဲမှုကြောင့်ဖြစ်ရင်တောင် ကမ္ဘာ့ဂင်းနက်စ်မှတ်တမ်းကို ရရှိခြင်းအားဖြင့် ပါကစ္စတန်က ဆိတ်မွေးမြူခြင်းအတွက် ကြီးမားတဲ့ဂုဏ်သတင်းကို ခံစားရမယ်လို့ မိုဟာမတ်တ်က မျှော်လင့်ထားပါတယ်။

ဆင်မ်ဘာကို ဇွန်လ ၅ ရက်နေ့က ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့က Nagra Farm မှာ မွေးဖွားခဲ့တာပါ။ မွေးဖွားကတည်းက နားရွက်ရှည်တာကြောင့် မြေကြီးနဲ့ထိနေပါတယ်။ မိုဟာမတ်တ်က ဆိတ်လေးကို အများက ခေါ်တဲ့ ဒမ်ဘို လို့မမှည့်ဘဲ Swahili ဘာသာစကားမှာ ခြင်္သေ့လို့ အဓိပ္ပာယ်ရတဲ့ ဆင်မ်ဘာလို့ အမည်ပေးခဲ့ပါတယ်။

ကမ္ဘာ့ဂင်းနက်စ်မှတ်တမ်းဝင်ဖို့ မျှော်လင့်ရပါတယ်

ဆင်မ်ဘာက Nubian ဆိတ်မျိုးပါ။ Nubian ဆိတ်တွေအားလုံးက အခြားဆိတ်တွေနဲ့ယှဉ်ရင် နားရွက်ရှည်ပေမဲ့ ဆင်မ်ဘာကိုတော့ မယှဉ်နိုင်ပါဘူး။ ဆင်မ်ဘာက ထူးဆန်းတဲ့အသွင်အပြင်ရှိပေမဲ့ ကျန်းမာရေးကောင်းမွန်ပါတယ်။

မကြာခင် ဆင်မ်ဘာဟာ ကမ္ဘာ့ဂင်းနက်စ်မှတ်တမ်းဝင်လိမ့်မယ်လို့ မိုဟာမတ်တ်က မျှော်လင့်ထားပါတယ်။

Ref: Dailystar “Celebrity ‘Dumbo’ goat with record-breaking ears sees them grow even longer to 21-inches”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top