ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့မိခင် မွေးဖွားခဲ့တဲ့ကလေးလေးမှာ ရောဂါပိုးတွေ့ရှိ

yyl-004-3.jpg

ဝူဟန်မြို့က ကိုရိုနာဗိုင်းရပ်စ်လူနာတစ်ဦးဟာ ကလေးမွေးဖွားခဲ့ပြီး အဲဒီကလေးလေးက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ သိရပါတယ်။ အခုဆိုရင် ဆရာဝန်တွေက မိခင်ရဲ့ဗိုက်ထဲမှာရှိနေစဉ် ရောဂါပိုးက မိခင်ကနေ ကလေးဆီကူးနိုင်တယ်လို့ ယူဆခဲ့ကြပါတယ်။

မိခင်က မီးမဖွားခင် ဗိုင်းရပ်စ်ကူးစက်ခံနေရတယ်လို့ အတည်ပြုပြီးတဲ့နောက် ကလေးလေးကို တနင်္ဂနွေနေ့မှာ မွေးဖွားခဲ့တာပါ။ အဲဒီနောက်မှာ ဆရာဝန်တွေက ကလေးကို စမ်းသပ်မှုတွေပြုလုပ်ခဲ့ပြီး ရလဒ်က ကိုရိုနာဗိုင်းရပ်စ်ပိုးရှိနေတယ်လို့ ထွက်ရှိလာခဲ့ပါတယ်။ ရောဂါပိုးတွေ့ရှိခဲ့တဲ့အတွက် ကလေးလေးကို Wuhan Children’s Hospital ကို ပြောင်းရွေ့ခဲ့ပါတယ်။ အဲဒီဆေးရုံက ရောဂါကူးစက်ခံထားရတဲ့ ကလေးတွေကို ကုသဖို့အတွက် အစိုးရက ထောက်ခံပေးထားတဲ့နေရာဖြစ်ပါတယ်။

(၄) ရက်သာရှိသေးတဲ့ကလေးလေးရဲ့အြခေအနေက စိတ်ချရတဲ့အနေအထားမှာရှိနေပြီး ဆရာဝန်နဲ့သူနာပြုတွေက အနီးကပ်စောင့်ကြည့်နေကြပါတယ်။ ဒီသတင်းဟာ ဝူဟန်ကလေးဆေးရုံရဲ့ တရားဝင်လူမှုကွန်ယက်အကောင့်မှာ တင်ခဲ့တဲ့ ပို့စ်ကနေတဆင့် သိခဲ့ရတာဖြစ်ပါတယ်။ “ဒါက ကိုရိုနာဗိုင်းရပ်စ်ကူးစက်နိုင်တဲ့ လမ်းကြောင်းကို အထူးဂရုစိုက်ဖို့လိုလာပြီလို့ ကျွန်တော်တို့ကို သတိပေးနေတာပါ” လို့ ဆေးရုံအုပ် ဒေါက်တာ ကျောင် လင်ခုန်ကပြောပါတယ်။

ဒီမွေးကစကလေးလေးက ကိုရိုနာဗိုင်းရပ်ပိုးတွေ့ရှိခဲ့တဲ့ရတဲ့ ကလေး (၂) ဦးထဲက တစ်ဦးဖြစ်ပါတယ်။ (၁၇) ရက်အရွယ်ကလေးလေးကလည်း ဇန်နဝါရီ (၁၃) ရက်နေ့မှာ ကျန်းမာစွာမွေးဖွားခဲ့ပြီးတဲ့နောက် ဖျားနာခဲ့တဲ့အတွက် ဇန်နဝါရီ (၂၂) ရက်နေ့မှာ ကလေးရဲ့မိသားစုက ကလေးကို ဂရုစိုက်ဖို့အတွက် သူနာပြုငှားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီသူနာပြုကလည်း မကြာခင်မှာ ရောဂါပိုးကူးစက်ခံခဲ့ရပါတယ်။ ကလေးရဲ့မိခင်က ဇန်နဝါရီ (၂၆) ရက်နေ့မှာ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး အဲဒီနောက် (၃) ရက်အကြာမှာ ကလေးက ရောဂါလက္ခဏာတွေပြလာပါတယ်။ ဇန်နဝါရီ (၃၁) ရက်နေ့မှာ ကလေးရဲ့ ရောဂါပိုးကူးစက်ခံရမှုကို အတည်ပြုခဲ့ပါတယ်။ ကလေးက သူနာပြုဆီက ရောဂါပိုးကူးတာလား၊ သူ့မိခင်ဆီကကူးတာလားဆိုတာကတော့ အတည်မပြုရသေးပါဘူး။ ရောဂါပိုးဘယ်ကနေစပြီး ကူးစက်ခံရတာလည်းဆိုတာ ပြောဖို့ မလွယ်ကူဘူးလို့ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရှိတဲ့ မိခင်တွေရဲ့ကလေးတိုင်း ရောဂါပိုးကူးစက်ခံရတာမျိုးတော့ မတွေ့ရှိရဘူးလို့သိရပါတယ်။

Ref: Coronavirus Patient’s Baby Is Born With The Infection
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top