လူသေတွေရဲ့ ခန္ဓာကိုယ်ထဲက ဆေးပစ္စည်းကိရိယာတွေကို ဖြုတ်ယူပြီး ပြန်အသုံးပြုမှုကြောင့် ရိုမေးနီးယားဆရာဝန် ၅ ယောက် စွဲချက်တင်ခံထားရ

20.2.2023-image-14.jpg

လူသေတွေ ခန္ဓာကိုယ်ထဲက ဆေးပစ္စည်းကိရိယာတွေကို ဖြုတ်ယူပြီး ပြန်လည်အသုံးပြုတယ်လို့ သံသယရှိတဲ့အတွက် ဆရာဝန် ၅ ယောက်ကို ရိုမေးနီးယားအစိုးရရှေ့နေတွေက အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးနေပါတယ်။ ရိုမေးနီးယားနိုင်ငံ အရှေ့ပိုင်း အီယာဆီမြို့ ဆေးရုံမှာ အလုပ်လုပ်တဲ့ ဆရာဝန်ဟာ အဲဒီအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပြီး အခွင့်အာဏာအလွဲသုံးစားလုပ်မှု၊ လာဘ်စားမှုတွေနဲ့ စွဲချက်တင် ထိန်းသိမ်းခံထားရပါတယ်။

ဆရာဝန်တွေဟာ သေဆုံးသူနဲ့ သူ့မိသားစုဝင်တွေထံကနေ ခွင့်ပြုချက် တောင်းခံခြင်းမရှိဘဲ နှလုံးစက်တွေ ဖြုတ်ယူပြီး ပြန်လည်အသုံးပြုခဲ့တာလို့ ဆိုပါတယ်။ သူတို့ဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ခွဲစိတ်မှု ၂၃၈ ကြိမ် လုပ်ခဲ့ပြီး လူသေတွေဆီကနေ ထုတ်ယူထားတဲ့ဆေးပစ္စည်းတွေ၊ ဇစ်မြစ်မသိရတဲ့ ဆေးပစ္စည်းကိရိယာတွေကို အခြားလူနာတွေထံ အစားထိုး ခွဲစိတ်ထည့်သွင်းပေးခဲ့တာလို့ အစိုးရရှေ့နေတွေက စွဲချက်တင်ထားပါတယ်။

ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေထဲမှာ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးဖြစ်တဲ့ ရိုမေးနီးယားနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာ အကျင့်ပျက်ခြစားမှု၊ ဖြုန်းတီးမှု၊ နိုင်ငံရေးပယောဂမကင်းတဲ့ စီမံခန့်ခွဲမှုစနစ်တွေကြောင့် အခက်တွေ့နေရပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ ခုအတွင်း ဆေးရုံသစ် တစ်လုံးပဲ တည်ဆောက်နိုင်ခဲ့ပြီး ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေထဲမှာ ကျန်းမာရေးစောင့်ရှောက်မှု အသုံးစရိတ် အနည်းဆုံးပါပဲ။ ပြည်ပထွက် အလုပ်လုပ်သူတွေထဲမှာ ဆရာဝန်တွေနဲ့ သူနာပြု ထောင်သောင်းချီ ပါဝင်နေပါတယ်။

Ref: Romanian doctors investigated for reusing implants from dead patients

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top