WhatsApp က ဇန်နဝါရီလမှစပြီး မော်ဒယ်နိမ့်ဖုန်းတချို့မှာ ဝန်ဆောင်မှုပေးတော့မှာမဟုတ်

28-12-2020-yyl04.jpg

စမတ်ဖုန်းတွေမှာ မက်ဆေ့တွေ အပြန်အလှန်ပေးပို့နိုင်တဲ့ ဝန်ဆောင်မှုပေးတဲ့ App တစ်ခုဖြစ်တဲ့ WhatsApp ဟာ ၂၀၂၁ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှစပြီး တချို့စမတ်ဖုန်းအဟောင်းတွေမှာ ဝန်ဆောင်မှုပေးမှာမဟုတ်တော့ဘူးလို့ သိရပါတယ်။ WhatsApp အသုံးပြုသူတွေက ဗာရှင်းအဟောင်းဖုန်းတွေနဲ့သုံးနေတယ်ဆိုရင် WhatsApp ကို သုံးလို့ရမှာမဟုတ်ပါဘူး။

Operating System ဟောင်းနေတဲ့ စမတ်ဖုန်းတွေမှာ WhatsApp က ဝန်ဆောင်မှုမပေးတော့ဘူးဆိုတဲ့သဘောမျိုးဖြစ်ပါတယ်။ တချို့လူတွေက သူတို့ရဲ့ဖုန်းတွေကို Update လုပ်ပြီး သုံးနေကြပေမဲ့ ဗာရှင်းနိမ့်နေတဲ့ဖုန်းတွေကို အသုံးပြုနေတဲ့သူတချို့ကတော့ WhatsApp က လုံးဝအသုံးပြုလို့ရတော့မှာမဟုတ်ပါဘူး။ အဲဒီလိုကြုံတွေ့ရမယ့်သူတွေကတော့ လက်ရှိ iOS9 (ဒါမှမဟုတ်) Android 4.0.3 အသုံးပြုနေတဲ့သူတွေပါပဲ။ သူတို့တွေက သူတို့ဖုန်းရဲ့ Operating System ကို Update လုပ်ပေးဖို့လိုပါလိမ့်မယ်။ ဖုန်းကို Update လုပ်မပေးရင်တော့ မော်ဒယ်နိမ့်တဲ့ iOS ဖုန်းပဲဖြစ်ဖြစ် Andriod ဖုန်းတွေပဲဖြစ်ဖြစ် WhatsApp ကို အသုံးပြုနိုင်မှာမဟုတ်ပါဘူး။

WhatsApp ကို ဆက်ပြီး အသုံးပြုချင်ရင်တော့ သင်က iPhone ကိုင်တဲ့သူဆိုရင် Setting ထဲက General၊ General ထဲက Software Update ကို နှိပ်ပြီး သင့်ဖုန်းကို Update မြှင့်ပေးလို့ရပါတယ်။ Andriod ဖုန်းအသုံးပြုသူတွေလည်း ဖုန်းကို Update လုပ်ချင်ရင် Setting ထဲက About Phone မှာ လုပ်လို့ရနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီမှာ သင့်ဖုန်းက လက်ခံနိုင်တဲ့ ဗာရှင်းကိုပဲ Update လုပ်နိုင်ပါလိမ့်မယ်။ သင့်ဖုန်းက လက်ခံနိုင်တဲ့ဗာရှင်းက WhatsApp ဝန်ဆောင်မှုပေးနိုင်တဲ့ ပမာဏမဟုတ်ရင်တော့ ဝန်ဆောင်မှုရရှိမှာမဟုတ်ပါဘူး။ WhatsApp က နှစ်တိုင်းလိုလို တချို့ဖုန်းတွေမှာ ဝန်ဆောင်မှုပေးတာကို ရပ်ဆိုင်းနေတာဖြစ်ပါတယ်။ အခုနှစ်အစောပိုင်းကလည်း iOS 8 iPhone တွေ၊ Android 2.3.7 ဖုန်းတွေအတွက် ဝန်ဆောင်မှုကို ရပ်ဆိုင်းခဲ့တာပါ။

Ref: Ladbible “WhatsApp Will Stop Working On Some Older Smart Phones In The New Year”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top