တစ်ချိန်တည်းအတူတူ ကိုယ်ဝန်ဆောင်ခဲ့ကြတဲ့ ညီအစ်မလေးဖော်

10.7.23-yyl-1.jpg

ဂျက်ဆီကာ ဟန်နာ၊ ဂျော်ဒန် ဆူတန်၊ ဂျီနာ ပရင်စကီ နဲ့ ဂျာဒန် လော့ဇ် ဆိုတဲ့ ညီအစ်မလေးဖော်က တစ်ချိန်တည်းမှာ အတူတူကိုယ်ဝန်ဆောင်ခဲ့ပြီး အခုနှစ်ထဲ ကလေးမီးဖွားကြတော့မှာပါ။ နေထိုင်ရာ ပြည်နယ်မတူကြတဲ့ သူတို့တွေက တစ်ချိန်တည်း အတူတူကိုယ်ဝန်လွယ်ရတယ်ဆိုတာသိတော့ တအံ့တဩဖြစ်ခဲ့ရပါတယ်။

အကြီးဆုံး ပရင်စကီနဲ့ အငယ်ဆုံး လော့ဇ်တို့က လာမယ့် အောက်တိုဘာ ၁ ရက်နေ့မှာပဲ ကလေးမွေးဖွားတော့မှာပါ။ ပရင်စကီအတွက် ဒီကလေးက ဒုတိယမြောက်ဖြစ်ပြီး လော့တ်အတွက်က ပထမဆုံးကလေးပါ။ ဆူတန်ကတော့ ဩဂုတ်လမှာ ကလေးမွေးဖွားမှာဖြစ်ပြီး ဟန်နာကတော့ နိုဝင်ဘာ ၁၁ ရက်နေ့ကျမှာပါ။

သူတို့ညီအစ်မက အတူတူ ကိုယ်ဝန်လွယ်ရမယ်လို့ မမျှော်လင့်ခဲ့ဘူးလို့ ဟန်တာက ပြောပါတယ်။ သူတို့ကိုယ်ဝန်လွယ်ထားရတယ်ဆိုတာကို အီစတာအားလပ်ရက်အချိန်အခါမှာ ထုတ်ပြောခဲ့ကြတာပါ။ သူတို့အချင်းချင်း မသိကြပေမဲ့ သူတို့ရဲ့အမေကတော့ သမီးတွေအကုန်လုံး ကိုယ်ဝန်လွယ်ထားရတယ်ဆိုတာ သိထားပါတယ်။

အခုဆို သူတို့ညီအမလေးဖော်က “Bumpin”လို့ခေါ်တဲ့ Group Chat နဲ့ သူတို့ရဲ့ကိုယ်ဝန်အခြေအနေတွေကို မျှဝေဖြစ်နေပါတယ်။ သူတို့ရဲ့ညီအမဆက်ဆံရေးက ကိုယ်ဝန်လွယ်ထားရတာအချိန်မှာ ပိုပြီးခိုင်မြဲလာစေတဲ့အပြင် ပိုပြီးလည်းရင်းနှီးစေခဲ့ပါတယ်။

Ref: 4 Sisters Pregnant at Same Time Say the Coincidence is ‘Just Mind-Blowing’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top