ဒေါ်နယ်ထရမ့်ရဲ့ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်မှာ Covid-19 ရောဂါပိုး တွေ့ရှိ

28-7-2020-yyl-006.jpg

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ရောဘတ်အိုဘရိုင်ယန်ဟာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့တယ်လို့ အိမ်ဖြူတော်က အတည်ပြုခဲ့ပါတယ်။ အသက် ၅၄ နှစ်ရှိတဲ့ အိုဘရိုင်ယန်ဟာ သီးသန့်ခွဲခြားနေထိုင်ပြီး အိမ်ကနေ အလုပ်လုပ်နေသူပါ။ သူ့မှာ ရောဂါလက္ခဏာအနည်းငယ် ပြနေတယ်လို့ ဆိုပါတယ်။ အိုဘရိုင်ယန်မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးရှိနေပေမဲ့ ဒေါ်နယ်ထရမ့် ဒါမှမဟုတ် ဒုတိယသမ္မတ မိုက်ပန့်စ်တို့ ရောဂါကူးစက်နိုင်ခြေမရှိဘူးလို့ အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။

အိုဘရိုင်ယန်ဟာ ဒေါ်နယ်ထရမ့်ရဲ့ အစိုးရအဖွဲ့ဝင်တွေထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ရာထူးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်။ အိုဘရိုင်ယန်နဲ့ သမ္မတ ဒေါ်နယ်ထရမ့်တို့ ဘယ်အချိန်က နောက်ဆုံးတွေ့ခဲ့လဲဆိုတာ မသိရသေးပါဘူး။ သူတို့နှစ်ယောက် မတွေ့တာ တော်တော်ကြာပြီလို့ အစိုးရအဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။ သူတို့နှစ်ယောက်ဟာ လွန်ခဲ့တဲ့ ၂ ပတ်တုန်းက မိုင်ယာမီကို အတူသွားခဲ့ဖွယ်ရှိပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်အနီးမှာ နေထိုင်သူတွေကို ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ရှိ၊ မရှိ အမြဲတစေ စစ်ဆေးလေ့ရှိပါတယ်။ ရှေ့နေတစ်ယောက်အဖြစ် လေ့လာသင်ယူခဲ့တဲ့ အိုဘရိုင်ယန်ဟာ ရီပတ်ဗလစ်ကန်ပါတီဝင်တွေအတွက်ရော၊ ဒီမိုကရက်တစ်ပါတီဝင်တွေအတွက်ပါ သံတမန်လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ဖူးပြီး ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်ဟောင်း ဂျွန်ဘော်တန်ရဲ့နေရာမှာ အစားထိုးတာဝန်ယူခဲ့သူပါ။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top