အမေရိကန်နိုင်ငံ သမိုင်းတစ်လျှောက် ဆုကြေးငွေ ဒုတိယအများဆုံး( ၁.၆ ဘီလျံ) ထီဆုကြီးကို ဖလော်ရီဒါပြည်နယ်မှ ဆွတ်ခူး

29.9.23-yyl-8.jpg

၃၁ ကြိမ်ဆက်တိုက် ကံထူးရှင်မပေါ်ခဲ့တဲ့ Mega Millions ထီဖွင့်ပွဲမှာ အမေရိကန်ဒေါ်လာ ၁.၆ ဘီလျံ ဆုကြီး ဆွတ်ခူးသွားတဲ့ ကံထူးရှင်ကတော့ ဆုကြေးငွေ လာရောက်ထုတ်ယူသွားခဲ့ပြီး ၂ ပတ်၊ တစ်ကြိမ်ဖွင့်တဲ့ Mega Millions ထီကို ဖလော်ရီဒါပြည်နယ် အပါအဝင် ပြည်နယ် ၄၅ ခုနဲ့ ဝါရှင်တန်ဒီစီ၊ ဗားဂျီးနီးယားကျွန်းမှာ နေထိုင်သူတွေ ပါဝင်ကံစမ်းခွင့် ရှိပါတယ်။

အမေရိကန်နိုင်ငံရဲ့ ထီသမိုင်းတစ်လျှောက် ဒုတိယအများဆုံး ထီဆုကြီးကို ဆွတ်ခူးခဲ့သူကတော့ ဖလော်ရီဒါပြည်နယ်မှာ နေထိုင်သူဖြစ်ပြီး နက်ပ်ကျွန်းဘိချ်မြို့က စတိုးဆိုင်မှာ ထီထိုးခဲ့တာပါ။ သူဟာ ထီဆုကြေးငွေအပြည့်ကို နှစ် ၃၀ အရစ်ကျနဲ့ ထုတ်ယူမလား၊ အမေရိကန်ဒေါ်လာ ၇၉၄.၂ သန်း တစ်လုံးတစ်ခဲတည်း ထုတ်ယူမလားဆိုတဲ့ ရွေးချယ်စရာ (၂)ခုအနက် တစ်လုံးတစ်ခဲတည်း ထုတ်ယူမှုကို ရွေးချယ်သွားခဲ့ပါတယ်။

ဖလော်ရီဒါပြည်နယ်ရဲ့ဥပဒေအရ အမေရိကန်ဒေါ်လာ ၂ သိန်းခွဲအထက် ထီဆုကြီး ဆွတ်ခူးသူတွေဟာ ဆုကြေးငွေ ထုတ်ယူပြီးနောက် ရက် ၉၀ အတွင်း သူတို့ရဲ့ အမည်၊ နေရပ်တွေကို လျှို့ဝှက်ထားခွင့် ရှိပါတယ်။ တစ်စောင်ကို အမေရိကန်ဒေါ်လာ ၂ ဒေါ်လာ ကျသင့်တဲ့ Mega Millions ထီမှာ အလယ်ပုံ ထီဆုကြီး ဆွတ်ခူးနိုင်ခြေဟာ သန်း ၃၀၀ ပုံ၊ ၁ ပုံပဲ ရှိပါတယ်။

Ref: Winner of last month’s $1.6 billion Mega Millions jackpot claims prize in Florida

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top