ထိုင်းနိုင်ငံက စက်ရုံတစ်ရုံဟာ အသုံးပြုပြီးသား mask အဟောင်းတွေကို မီးပူတိုက်ပြီး ပြန်လည်ရောင်းချနေ

yyl-003-1.jpg

COVID-19 ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုဟာ နိုင်ငံ (၈၀) အထိရှိနေပြီး (၉) သောင်းကျော်နေပြီဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက လူတွေက အဲဒီဗိုင်းရပ်စ်ကနေ ကာကွယ်ဖို့အတွက် လက်ကို သန့်စင်အောင်ထားပြီး mask ဝတ်ဆင်ဖို့ အရေးကြီးပါတယ်။ စက်ရုံတွေက maskတွေကို အကန့်အသတ်နဲ့ ထုတ်လုပ်ရတဲ့အတွက် mask ပြတ်လပ်မှုတွေရှိနေပါတယ်။ အခုလည်း ထိုင်းနိုင်ငံ၊ Saraburi ပြည်နယ်က စက်ရုံတစ်ရုံဟာ အသုံးပြုပြီးသားmask တွေကို အသစ်အတိုင်းဖြစ်အောင် မီးပူတိုက်ပြီး ရောင်းချနေတယ်လို့ သိရပါတယ်။

အဲဒီစက်ရုံက ပြန်လည်အသုံးပြုလို့ရတဲ့ပစ္စည်းတွေကို ထုတ်လုပ်တာဖြစ်ပေမဲ့ အသုံးပြုပြီးသား mask တွေကို တရားမဝင်ပြန်လည်ထုတ်လုပ်ခဲ့တယ်လို့ Wihandaeng Police Station က ရဲအရာရှိတွေက ပြောပါတယ်။ Mask အသစ်အတိုင်းဖြစ်အောင် ဗူးထဲမထည့်ခင် အသုံးပြုပြီးသား mask တွေကို မီးပူတိုက်ပြီး စီနေတဲ့ အလုပ်သမား (၆) ဦးကို ရဲတွေက တွေ့ရှိခဲ့တာဖြစ်တယ်လို့ ထိုင်းမီဒီယာအရ သိရပါတယ်။ ဒီmask တွေကို အခြားအရောင်းအဝယ်သမားဆီက လက်ခံရရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့က ဒီMask တွေကို သိမ်းယူခဲ့ပြီး တချို့ကိုတော့ ဒီmask တွေရဲ့အရင်းအမြစ်ကို သိရဖို့အတွက် ထိုင်းနိုင်ငံရဲ့ စီးပွားရေးဝန်ကြီးဌာနကို ပို့ခဲ့ပါတယ်။ “ရဲဌာနမှာ ဒဏ်ငွေဆောင်ဖို့အတွက် Wihandaeng Public Health Office ကိုလည်း ကျွန်တော် ဆက်သွယ်ပြီးသွားပါပြီ။ အဲဒီစက်ရုံရဲ့လုပ်ရပ်က အသုံးပြုပြီးသားmask တွေကို ဝယ်ယူတဲ့ လူတွေရဲ့ကျန်းမာရေးရော၊ စက်ရုံနားက လူတွေရဲ့ကျန်းမာရေးပါ ထိခိုက်စေနိုင်ပါတယ်” လို့ ရဲချုပ်က ပြောပါတယ်။

အလုပ်သမားတွေက တစ်နေ့ကို Mask (၃၀၀) ကနေ (၄၀၀) အထိ ပြန်လည်သစ်လွင်အောင်လုပ်ရပြီး အလုပ်သမားတစ်ယောက်က mask တစ်ခုကို (၁) ဘတ်ရရှိတယ်လို့ ပြောပါတယ်။

Ref: Recycling factory in Thailand irons used face masks to sell as new ones

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top