သမီးဖြစ်သူရဲ့ရုပ်အလောင်းကို ထိန်းသိမ်းဖို့ ၆ နှစ်လုံး လေအေးပေးစက်ပေးထားခဲ့တဲ့ ထိုင်ဝမ်အမျိုးသမီး

27.2.2025-yyl-၃.jpg

ထိုင်ဝမ်နိုင်ငံ၊ နယူးတိုင်ပေမြို့က အသက် ၇၅ နှစ်အရွယ် မိခင်တစ်ဦးဟာ ဘယ်သူမှမသိအောင် သူ့နေအိမ်မှာ သမီးဖြစ်သူရဲ့ရုပ်အလောင်းကို ၂၄ နာရီလုံးလုံး လေအေးပေးစက်ဖွင့်ထားပြီး ထိန်းသိမ်းထားတာ ၆ နှစ်ကြာပါပြီ။ သူ့ရဲ့အသက် ၅၃ နှစ်အရွယ်သမီးဖြစ်သူရဲ့နောက်ဆုံးဆန္ဒက သူ သေဆုံးပြီးနောက် ၇ နှစ်ကြာမှ သင်္ဂြိုဟ်ပေးဖို့ပါ။

မိခင်ဖြစ်သူက ငွေကြေးအခက်အခဲကြောင့် မီတာဖိုးပေးဆောင်ဖို့ မတတ်နိုင်တော့တာကြောင့်ရယ် သူ့ကျန်းမာရေးအခြေအနေကြောင့်ပါ လူမှုဝန်ထမ်းတစ်ဦးကို အကြောင်းကြားပြီး သူ့သမီးရဲ့ရုပ်အလောင်းကို ထုတ်ပြခဲ့တာပါ။ မိခင်ဖြစ်သူက တိုက်ခန်းရဲ့ ၃ လွှာမှာ လွန်ခဲ့တဲ့ ၇ နှစ်၊ ၈ နှစ်လောက်ကတည်းက အခြေချနေထိုင်နေခဲ့တာပါ။ အိမ်နီးနားချင်းတွေက သူ့သမီးနဲ့အတူ နေထိုင်ခဲ့တယ်ဆိုတာကို သတိမထားမိခဲ့ပါဘူး။

အစိုးရအရာရှိတစ်ဦးကလည်း အဲ့ဒီမိခင်ရဲ့သမီးဖြစ်သူကို အရင်က မမြင်ဖူးခဲ့ဘူးလို့ ဆိုပါတယ်။ ၂၀၂၄ ခုနှစ်က သူ့ရဲ့တိုက်ခန်းကို အကြိမ်ပေါင်းများစွာ အလည်သွားခဲ့ပေမဲ့ ဘယ်သူမှ တံခါးမဖွင့်ပေးခဲ့ပါဘူး။ နောက်ပိုင်းတွေကျ ထပ်ခေါ်မှ မိခင်ဖြစ်သူက ထွက်ပြပြီး အရာအားလုံးအဆင်ပြေတယ်ဆိုတာကို သေချာစေခဲ့တာပါ။

သမီးဖြစ်သူရဲ့ရုပ်အလောင်းကို လေအေးပေးစက်ပေးထားတဲ့အခန်းထဲမှာ ထားရုံသာမက နေ့တိုင်း ခန္ဓာကိုယ်ကို ရေပတ်ဝတ်တိုက်ပေးပါတယ်။ ဆီတွေကိုလည်း ရုပ်အလောင်းမှာ သုတ်လိမ်းပေးထားပုံလည်းရပါတယ်။

အိမ်နီးနားချင်းတွေက အမှန်တရားကို သိသွားတဲ့အချိန်မှာ ထိတ်လန့်သွားကြပြီး သူတို့ ဘယ်တုန်းကမှ ထူးဆန်းတဲ့အနံ့အသက်မရခဲ့ဘူးလို့ ဆိုကြပါတယ်။ သေဆုံးရခြင်းအကြောင်းအရင်းကို အသေချာသိရဖို့အတွက် သမီးဖြစ်သူရဲ့ရုပ်အလောင်းကို မတ်လ ၃ ရက်နေ့မှာ ခွဲစိတ်ဖို့ စီစဉ်ထားပါတယ်။

Ref: Taiwanese woman keeps air con running for 6 years to preserve daughter’s corpse

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top