စံချိန်အားလုံးကို ကျော်ဖြတ်ခဲ့တဲ့ တေလာဆွစ်ရဲ့ Look What You Made Me Do သီချင်း

ByTheNumbers-1200x1463.jpg

ဒါရိုက်တာ ဂျိုးဆက် ခန် (Joseph Kahn) ရိုက်ကူးထားတဲ့ တေလာဆွစ်ရဲ့ Look What You Made Me Do သီချင်းဟာ Youtube မှာ ၂၄ နာရီအတွင်း လူကြည့်အများဆုံး စံချိန်တင်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လူကြည့်အများဆုံးစံချိန်ကို Adele ရဲ့ Hello သီချင်းက ရယူပိုင်ဆိုင်ထားတာ ဖြစ်ပြီး Hello  သီချင်းကို ၂၄ နာရီအတွင်းမှာ လူပေါင်း ၂၇ သန်းခန့် ကြည့်ရှုခဲ့ကြတာ ဖြစ်ပါတယ်။

တေလာဆွစ်ရဲ့ Look What You Made Me Do သီချင်းကတော့ ဒီစံချိန်ကို ချိုးဖို့အတွက် ၂၄ နာရီ အထိတောင် စောင့်စရာမလိုဘဲ ဒီသီချင်းကို ပျှမ်းမျှတစ်နာရီမှာ လူ ၃ သန်းက ဝင်ရောက်ကြည့်ရှုခဲ့ကြ တာလည်း ဖြစ်ပါတယ်။ တေလာဆွစ်ရဲ့ နောက်ထွက်မယ့် Reputation album ထဲက အဓိက သီချင်းဖြစ်တဲ့ Look What You Made Me Do သီချင်းဟာ ၂၈ နာရီ မှာတင်ကြည့်ရှုသူ ၄၂ သန်းကျော်ရှိခဲ့ပါတယ်။

ဒါတင်မကဘဲ တေလာဆွစ်ရဲ့ Look What You Made Me Do lyric video ကလည်း MTV ကဲ့သို့ပဲ စံချိန်ချိုးနိုင်ခဲ့ပြီး အရင်က ပထမဆုံးတစ်ရက်မှာ ကြည့်ရှုသူအများဆုံး စံချိန်တင်ထားနိုင်တဲ့ ဗီဒီယိုကို ဖြတ်ကျော်သွားခဲ့ပါတယ်။ ပထမစံချိန်တင်ထားတဲ့ Lyric ဗီဒီယိုကတော့ Chainsmokers နဲ့ Coldplay တို့ရဲ့ Something Just Like This ဖြစ်ပြီး ကြည့်ရှုသူ ၉ သန်းကျော်ရှိခဲ့ကာ ယခု တေလာဆွစ်ရဲ့ Look What You Made Me Do lyric video ကတော့ ကြည့်ရှုသူ ၁၉ သန်းကျော်အထိရှိခဲ့ပါတယ်။

https://www.youtube.com/watch?v=3tmd-ClpJxA

ဒါ့အပြင် Spotify မှာလည်း ဒီသီချင်းဟာ စံချိန်ချိုးခဲ့ပြီး တစ်ရက်ထဲမှာ နားထောင်သူ ၈ သန်းခန့်ရှိခဲ့ပါတယ်။ အင်တာနက်မှာ တိုက်ရိုက်နားထောင်မှုတွေ၊ ကြည့်ရှုသူအရေအတွက်တွေဟာ Billboard Hot 100 ပုံစံချပ် နေရာပေးရာမှာ ထည့်သွင်းတွက်ချက်တဲ့အတွက် တေလာဆွစ်ရဲ့  Look What You Made Me Do သီချင်းဟာ သူမရဲ့ Shake It Off သီချင်းလိုပဲ Billboard ထိပ်ဆုံးပိုင်းမှာ နေရာယူနိုင်ပါတယ်။ ဒီလိုဖြစ်လာမယ်ဆိုရင် Billboard နံပတ် ၁ နေရာမှာ အချိန်အကြာဆုံးရပ်တည်နေတဲ့ Despacito သီချင်းရဲ့ နံပတ် ၁ နေရာကို ရယူနိုင်မှာဖြစ်ပါတယ်။

Ref : Billboard News : Taylor Swift’s ‘Look What You Made Me Do’ Just Smashed Another Record

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top