ခြင်အကောင်ရေ သန်း၂ဝလွှတ်ပေးခဲ့တဲ့ ကုမ္ပဏီ

mosquitolarge.jpg

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမှာ ကုမ္ပဏီတစ်ခုဟာ ခြင်အကောင်ရေ သန်း၂ဝကို ဒီတိုင်းလွှတ်ထုတ်ပေးလိုက်ပါတယ်။ ခြင်ဆိုတဲ့သတ္တဝါမျိုးက လူတစ်ယောက်နဲ့တစ်ယောက်တောင် ကိုက်ပုံခြင်းမတူပါဘူး။

သူတို့နှစ်သက်တဲ့ ကိုယ်ရနံ့ရှိတဲ့သူဆို ပိုကိုက်လေ့ရှိပါတယ်။ လူအနားမှာ ရစ်ဝဲဝဲနေပြီး အနှောင့်အယှက်လည်း ပေးနိုင်ပါသေးတယ်။ ဒီတော့ ဒီသတင်းကို ကြားရတာ တော်တော်ထူးဆန်းနေမှာပါပဲ။

ဒီသတင်းက နည်းနည်းတော့ အစီအစဉ်မကျဖြစ်နေပေမယ့် ဒီလိုခြင်တစ်ပြုံတစ်မကြီးကို လွှတ်လိုက်တာက အကြောင်းရင်းရှိပါတယ်။ ဒါကတော့ ခြင်တွေမျိုးပွားနှုန်းကို ထိန်းချုပ်ဖို့ပါပဲ။ လွှတ်ပေးလိုက်တဲ့ ခြင်သန်း၂ဝလုံးဟာ အထီးတွေချည်းဖြစ်ပြီး သူတို့တွေမှာ အမတွေကို ဥဥခြင်းကနေတားဆီးနိုင်မယ့် ဘက်တီးရီးယားပိုးတွေထည့်သွင်းပေးထားပါတယ်။ ဒါဆိုလူတွေကို ကိုက်မိရင်ကော? မစိုးရိမ်ပါနဲ့။ သူတို့က ဆာလောင်ရုံသက်သက်နဲ့တော့ မကိုက်ပါဘူး။ သူတို့က သွေးတွေကို ဥတွေကိုဖျက်ဆီးဖို့ပဲအသုံးချမှာပါ။ ကယ်လီဖိုးနီးယားပြည်နယ် ဖရန်စ်နို (Fresno)မှာ ခြင်တွေကို တစ်ပတ်ကို တစ်သန်းနှုန်းနဲ့ ရက်သတ္တပတ်ပေါင်း ၂၀ကြာအောင် လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

တစ်ကယ်လို့သာ ဒီစမ်းသပ်မှုအောင်မြင်ခဲ့ရင် ပိုပြီးအရှိန်အဟုတ်မြှင့် ခြင်တွေကို နှိမ်နင်းဖို့ ဆောင်ရွက်နိုင်ပါတယ်။ ခြင်တွေဟာ ရောဂါပိုးသယ်ဆောင်တာကြောင့် တားဆီးကာကွယ်ဖို့လိုပါတယ်။ နည်းလမ်းအသစ်တွေကိုလည်း တီထွင်ကြံဆနေကြပါတယ်။ တစ်ကယ်လို့ ခြင်ကိုက်တာခံရရင် အတင်းဆွဲခြစ်ကုတ်တာမျိုးမလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

Ref: Reader’s Digest: This Company just released 20 Million Mosquitoes in California and the Reason May Surprise You
Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top