စမတ်ဖုန်းများစွာကို စုပေါင်းပြီး အားကောင်းတဲ့ စပီကာ System အဖြစ် ဖန်တီးပေးနိုင်မယ့် Apps

amp.jpg

သူငယ်ချင်းတွေ အားလုံးဆုံကြတဲ့အခါ သီချင်းတစ်ပုဒ်ကို အတူတကွ အသံအားကောင်းကောင်းနဲ့ နားထောင်ချင်ကြပေမဲ့ ဖုန်း Speaker က အသံတိုးလွန်းတဲ့အတွက် အဆင်မပြေ ဖြစ်ခဲ့ဖူးကြသလား။ ဒီကိစ္စအတွက် ဖြေရှင်းပေးနိုင်တဲ့ အရာတစ်ခုကတော့ Bluetooth Speaker ဖြစ်ပေမဲ့ ဘော်ဒါတွေ အာလုံးဆုံကြတဲ့ အချိန်မှာ Bluetooth Speaker  အမြဲတမ်းပါဖို့ မလွယ်ပါဘူး။ ဒါ့အပြင် Speaker ဝယ်ဖို့ ပိုက်ဆံက အပိုကုန်ရဦးမှာပါ။

သူငယ်ချင်းတွေနဲ့ တစ်ခါတစ်လေ ဆုံတဲ့အချိန်မှာ သီချင်းတစ်ပုဒ်ကို နားထောင်ချင် လာတယ်ဆိုပါဆို။ အဲ့ဒီအချိန်ဆိုရင် ဘာဆက်လုပ်ကြမလဲ။ ဒီမေးခွန်းအတွက် အဖြေတစ်ခုရှိပါတယ်။ အဲ့ဒါက Ampme ဆိုတဲ့ စမတ်ဖုန်း Application လေးပါပဲ။ Ampme ဆိုတဲ့ Application လေးက စမတ်ဖုန်းနဲ့ တက်ဘလက်တွေ အားလုံးကို အကန့်အသတ်မရှိ တစ်ပြိုင်တည်း သီချင်းဖွင့်ပေးနိုင်တဲ့ Application လေးပါ။ Ampme ရဲ့ ဖန်တီးသူတွေကတော့ ဒီ Application လေးကို ကြီးမားတဲ့ Speaker များအဖြစ် လုပ်ဆောင်ပေးနိုင်ရန် ဖန်တီးထားတယ်လို့ဆိုပါတယ်။ ဒီ Application ကို iOS အတွက်ရော Android အတွက်ရော အခမဲ့ ဒေါင်းလုတ်ဆွဲနိုင်မှာ ဖြစ်ပါတယ်။

ပထမဆုံးလုပ်ရမှာက သင်ချိတ်ဆက်ချင်တဲ့ စမတ်ဖုန်းအားလုံးမှာ Ampme Application လေးကို Install လုပ်ထားဖို့ပါပဲ။ Install လုပ်ပြီးတာနဲ့ သင်ဖုန်းကနေပြီး လက်ခံတဲ့ Smart Phone အဖြစ် ဝင်ကာ သူငယ်ချင်းတွေရဲ့ ဖုန်းအားလုံးကို Code ပေးဖို့လိုပါတယ်။ ဒီ Code လေးကို သင့်သူငယ်ချင်းတွေရဲ့ ဖုန်းအားလုံးမှာ ထည့်သွင်းပြီးတဲ့အခါမှာ ဖုန်းအားလုံးက သီချင်းကို တစ်ပြိုက်နက် ဖွင့်ပေးမှာ ဖြစ်ပေးမှာ ဖြစ်ပါတယ်။

ဒီ Ampme Application လေးဟာ သင့်ဖုန်းထဲမှာ ရှိတဲ့ သီချင်းများအားလုံးကို ဖွင့်ပေးနိုင်မှာ ဖြစ်သလို SoundCloud နဲ့ Songza တို့မှ သီချင်းတွေကိုလည်း ဖွင့်ပေးနိုင်မှာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ Ampme ဖန်တီးသူတွေက ဒီ Application လေးကို Spotify နဲ့ Apple Music တို့မှာ သီချင်းများကိုပါ ဖွင့်လို့ရအောင် ချဲ့ထွင်နေပါတယ်။ သင့်အနေနဲ့ ဒီ Application လေးကို ဒေါင်းလုတ်ဆွဲချင်တယ်ဆိုရင်တော့ Android ဖုန်းတွေအတွက် Google Play Store နဲ့ iOS User တွေအတွက် iOS App Store ကဒေါင်းလုတ်ဆွဲနိုင်ပါတယ်။

Ref : Techme : Turn Multiple Smartphones into a Single Powerful Speaker System With This App

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top