တေလာဆွစ်ဖ်ရဲ့”Taylor Swift | The Eras Tour” ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ပံ့ပိုးပေးခဲ့တဲ့ ဘီယွန်းစေး

13.10.23-yyl-1.jpg

ဂရမ်မီဆုအများကြီးရရှိထားတဲ့အဆိုတော် ဘီယွန်းစေးဟာ ပေါ့ပ်ဘုရင်မအဆိုတော်တေလာဆွစ်ဖ်ရဲ့ “Taylor Swift | The Eras Tour” ရုပ်ရှင်အသစ်ရဲ့ အထူးပြပွဲကို တက်ရောက်ပံ့ပိုးပေးခဲ့ပါတယ်။ သူတို့နှစ်ဦးအတူတူ ဓာတ်ပုံတွေလည်း ရိုက်ခဲ့ကြပါတယ်။ ပွဲပြီးတဲ့နောက်မှာ တေလာကလည်း ဘီယွန်းစေး အခုလို တက်ရောက်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။

“ဘီယွန်းစေးရဲ့လွှမ်းမိုးမှုမပါဘဲ ကျွန်မရဲ့ဘဝ ဘယ်လိုဖြစ်မယ်ဆိုတာ ဘယ်တော့မှ သိမှာမဟုတ်ဘူး။ အခုလိုတက်ရောက်လာပေးခဲ့လို့ အရမ်းဝမ်းသာမိတယ်။ သူက ကျွန်မနဲ့ အနုပညာရှင်တိုင်းကို ဖျော်ဖြေရေးလောကစံနှုန်းတွေကို သင်ကြားပေးခဲ့တယ်။ သူ့ရဲ့ရက်ရောတဲ့စိတ်ဓာတ်တွေ၊ ကြံ့ကြံ့ခံနိုင်ရည်ရှိမှု၊ စွယ်စုံလုပ်နိုင်စွမ်းတွေပါပဲ။ ကျွန်မရဲ့အသက်မွေးဝမ်းကြောင်းတစ်လျှောက်မှာ လမ်းပြအလင်းရောင်တစ်ခုဖြစ်ခဲ့တယ်” လို့ ဆိုပါတယ်။

“Taylor Swift | The Eras Tour” ရုပ်ရှင်ကို အောက်တိုဘာ ၁၃ ရက်နေ့မှာ စပြီးရုံတင်ပြသမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ ကမ္ဘာတစ်ဝှမ်းမှာ ကြိုတင်လက်မှတ်တွေ ကန်ဒေါ်လာ သန်း ၁၀၀ ကျော်ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။

Ref: Taylor Swift thanks Beyonce for attending her concert film world premiere

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top