ပေါ့ပ်ဘုရင်မ အဆိုတော်တေလာဆွစ်ဖ်ရဲ့ကြောင်လေး အိုလီဗီယာ ဘန်ဆန်ဟာ ကမ္ဘာ့တတိယမြောက်အချမ်းသာဆုံးအိမ်မွေးတိရစ္ဆာန်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ Rolling Stone မဂ္ဂဇင်းရဲ့ကမ္ဘာ့အချမ်းသာဆုံးအိမ်မွေးတိရစ္ဆာန်စာရင်းမှာ ကြွယ်ဝချမ်းသာမှု ဒေါ်လာ ၉၇ သန်းနဲ့ တတိယနေရာ ရောက်ခဲ့တာပါ။
All About Cats မီဒီယာကုမ္ပဏီက အင်စတာဂရမ်မှာ သူတို့ရဲ့ကျော်ကြားမှုအပေါ်အခြေခံပြီး တိရစ္ဆာန်တစ်ကောင်ချင်းစီရဲ့တန်ဖိုးကို သတ်မှတ်တယ်။ အင်စတာဂရမ်ပို့စ်တွေရဲ့ like တွေနဲ့ ဖြစ်နိုင်ချေရှိတဲ့ဝင်ငွေတွေကို တွက်ချက်ဖို့ Influence Marketing Hub ကိုလည်း အသုံးပြုခဲ့တယ်လို့ Rolling Stone မဂ္ဂဇင်းက ဖော်ပြပါတယ်။

အိုလီဗီယာက အင်စတာဂရမ်အကောင့်တောင်မရှိပါဘူး။ ဒါပေမဲ့ သူက အင်စတာဂရမ်လောကအပြင်ဘက်မှာ အောင်မြင်မှုရရှိထားတာပါ။ သူ့သခင်တေလာဆွစ်ဖ်ရဲ့ MTV များစွာနဲ့ ဘတ်ဂျက်များတဲ့ ကုန်ပစ္စည်းကြော်ငြာတွေမှာပါဝင်ခဲ့တာကြောင့် ဝင်ငွေအများကြီးဝင်ခဲ့တာပါ။ ၂၀၂၀ ခုနှစ်က တေလာဆွစ်ဖ်ဟာ ဆိုဖာပေါ်မှာ ထိုင်နေတဲ့ အိုလီဗီယာ ဘန်ဆန်ရဲ့ပုံတစ်ပုံကို တင်ခဲ့ရာမှ Like (၂) သန်းကျော်ရရှိခဲ့ပြီးနောက် အိုလီဗီယာက ကျော်ကြားလာခဲ့တာပါ။
ဂျာမန်သိုးထိန်းခွေး ဂန်သာ (၆) (Gunther VI) က ကြွယ်ဝချမ်းသာမှု ဒေါ်လာ သန်း ၅၀၀နဲ့ ပထမနေရာ၊ နာလာ ကြောင် (Nala Cat) က ဒေါ်လာ သန်း၁၀၀ နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
Ref: Taylor Swift’s Cat Is 3rd Richest Pet In The World With Net Worth Of Over $97 Million
WL (ရိုးရာလေး)