သုသာန်မှာ မင်္ဂလာပွဲကျင်းပခဲ့တဲ့ စုံတွဲ

couple.jpg

အသက် ၃၂ နှစ်အရွယ် ဒေးဗစ် အယ်လ်ဘင်နဲ့ အသက် ၂၉ နှစ်အရွယ် ကယ်လ်ဆေး နိုအာတို့စုံတွဲဟာ မြောက်ကာရိုလိုင်းနားပြည်နယ်ရှိ Boone မြို့လေးက သုသာန်တစ်ခုမှာ မေလ ၂ ရက်နေ့က မင်္ဂလာပွဲကျင်းပခဲ့ကြပါတယ်။ ဒီထူးထူးဆန်းဆန်းမင်္ဂလာပွဲကို ဧည့်သည် ၂၀ လောက် တက်ရောက်ခဲ့ကြပါတယ်။


သူတို့စုံတွဲဟာ သည်းထိပ်ရင်ဖိုဇာတ်ကားတွေ ကြိုက်နှစ်သက်သူတွေဖြစ်ပြီး ဇာတ်ကားထဲက ထူးခြားဆန်းပြားပြီး ကြမ်းတမ်းတဲ့ သဘာဝနဲ့ နေထိုင်မှုပုံစံရှိကာ သာမန်လူတွေနဲ့ မတည့်တဲ့ The Addams Family ကို သဘောကျနှစ်ခြိုက်တာကြောင့် အဲ့ဒါကို အတုခိုးပြီး အခုလို သုသာန်မှာ မင်္ဂလာဆောင်ခဲ့တာဖြစ်ပါတယ်။

သတို့သမီးနိုအာကလည်း သူ့ရဲ့မင်္ဂလာပွဲမှာ အနက်ရောင်ဂါဝန်ကို ဝတ်ဆင်ခဲ့သလို သတို့သား အယ်လ်ဘင်ကလည်း သတို့သမီးနဲ့ လိုက်ဖက်စွာ အနက်ရောက်ကုတ်အင်္ကျီကိုဝတ်ဆင်ခဲ့ပါတယ်။ လက်ကိုင်ပစ္စည်းကတော့ သွေးနီရောင်နှင်းဆီပန်းစည်းကို ကိုင်ဆောင်ခဲ့ပါတယ်။


အုတ်ဂူတွေကြားမှာ မင်္ဂလာဆောင်တာက တခြားသူတွေအတွက် အိပ်မက်ဆိုးဖြစ်နိုင်ပေမဲ့ နိုအာအတွက်ကတော့ သူ့အိပ်မက်တွေ အမှန်တကယ်ဖြစ်လာခဲ့တာပါ။ သူတို့စုံတွဲဟာ ရုပ်အလောင်းမြေချတဲ့အခမ်းအနားမရှိတဲ့ရက်ကို ရွေးချယ်ခဲ့ကြတာပါ။ သူတို့ရဲ့မင်္ဂလာပွဲက ၁၀ မိနစ်လောက်တောင် ကြာမြင့်ခဲ့ခြင်းမရှိပါဘူး။ နိုအာနဲ့ အယ်လ်ဘင်တို့က ၂၀၂၃ ခုနှစ်မှာ စေ့စပ်ခဲ့ကြပြီး အီတလီမှာ ဒုတိယအကြိမ် မင်္ဂလာပွဲကျင်းပသွားဦးမှာဖြစ်ပါတယ်။

Ref: Couple Weds in Spooky, Addams Family-Inspired Cemetery Wedding: See the All Black Celebration

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top