စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အကူအညီလိုအပ်နေသူတွေ Unicef ကို ဖုန်းဆက်အကူအညီတောင်းခံနိုင်

mobile-phone-thornley-fallis.jpg

ရန်ကုန်၊ သြဂုတ် (၁၂)

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အကူအညီလိုအပ်နေသူတွေအနေနဲ့ Unicef Myanmar ရဲ့လူမှုစိတ်ပညာအထောက်အကူပြု ဖုန်းလိုင်းဆီကို ဆက်သွယ် အကူအညီတောင်းခံနိုင်တယ်လို့ သိရပါတယ်။

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအကူအညီလိုအပ်နေသူတွေအနေနဲ့ တနင်္လာနေ့က စနေနေ့အထိ ဖုန်းနံပါတ် 09 961140000 ကို မနက် (၉) နာရီကနေ ည (၉) နာရီအတွင်း ဆက်သွယ် အကူအညီတောင်းခံနိုင်သလို တနင်္လာနေ့က သောကြာနေ့ အထိ Ooredoo 9933 ကို မနက် (၉) နာရီကနေ ညနေ (၅) နာရီအတွင်း ဆက်သွယ်အကူအညီတောင်းခံနိုင်ပါတယ်။

ဒ့ါပြင် တနင်္လာနေ့က သောကြာနေ့အထိ ဖုန်းနံပါတ် 08008009933 ကို မနက် (၉) နာရီကနေ ညနေ (၅) နာရီအတွင်း ဆက်သွယ်အကူအညီတောင်းခံနိုင်ပါတယ်။

Unicef Myanmar ရဲ့လူမှုစိတ်ပညာအထောက်အကူပြု ဖုန်းလိုင်းဆီကို ဆက်သွယ်လာသူ အများစုမှာ ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ကြုံတွေ့နေရတဲ့ လူငယ်တွေဖြစ်တယ်လို့ သိရပါတယ်။

Unicef Myanmar အနေနဲ့ပြီးခဲ့တဲ့ဇူလိုင်လအတွင်းက ကလေးသူငယ်အများစု အပါအဝင် လူပေါင်း (၄၈၀၀) ကျော်ရဲ့ လူမှုစိတ်ပိုင်းဆိုင်ရာပံ့ပိုးကူညီဆောင်ရွက်မှုတွေအပြင်၊ ကလေးသူငယ်တွေနဲ့ ကိုက်ညီတဲ့ လှုပ်ရှားမှုတွေကို ပံ့ပိုးကူညီပေးခဲ့တယ်လို့ သိရပါတယ်။

Photo- Internet
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top