မလေးရှားနိုင်ငံ၊ ဆာရာဝပ်ပြည်နယ်က ဆရာတစ်ဦးဟာ ကျောင်းသား/သူတွေကို ကျောင်းတက်ချင်စိတ်ဖြစ်စေဖို့ အကြံဉာဏ်ရခဲ့ပါတယ်။ အဲ့ဒီစိတ်ကူးအကြံဉာဏ်ကို သူဟာ မလေးရှားနိုင်ငံရဲ့ဆရာများနေ့ဖြစ်တဲ့ မေလ ၁၆ ရက်နေ့က အကောင်အထည်ဖော်ခဲ့ပါတယ်။ အဲ့ဒါကတော့ စာသင်ခန်းကို ကော်ဖီဆိုင်ပုံစံမျိုးပြောင်းလဲပစ်ခဲ့တာပါ။
ဆစ်ခ်ကူ တာမီဇီဆိုတဲ့ အဲ့ဒီကျောင်းဆရာက စာသင်ခန်းကို ပြောင်းလဲထားတဲ့ Before and After ပုံတွေကိုလည်း သူ့ရဲ့ဖေ့စ်ဘွတ်ခ်အကောင့်မှာ တင်ပေးခဲ့ပါတယ်။ ဆစ်ခ်ကူဟာ ၂၀၁၉ ခုနှစ်ကတည်းက Sekolah Kebangsaan Kut မူလတန်းကျောင်းမှာ စာသင်ကြားပေးနေခဲ့တာပါ။ အဲ့ဒီကျောင်း ကျေးလက်ကျောင်းတစ်ကျောင်းဖြစ်တဲ့အတွက် ကျောင်းက ကလေး ၃၂ ဦးဟာ မြို့ကြီးပြကြီးကကော်ဖီဆိုင်မျိုးကို မကြုံဖူးခဲ့ကြပါဘူး။ ဒါကြောင့် ဆစ်ခ်ကူက ကလေးတွေ စိတ်ပါဝင်စားအောင် စာသင်ခန်းကို The Cafe Class ဆိုပြီး ပြောင်းလဲပစ်ခဲ့တာပါ။
သူဟာ သူ့ကိုယ်ပိုင်ငွေနဲ့ ပြောင်းလဲခဲ့ပေမဲ့ နောက်ပိုင်းမှာ ကျောင်းရဲ့ Parent-teacher association ကနေ ငွေကြေးထောက်ပံ့မှုရရှိခဲ့ပါတယ်။ အခုလိုပြောင်းလဲရာမှာ ကျောင်းဆရာ/ဆရာမ ၁၀ ဦးနဲ့ ကျောင်းဝန်ထမ်းတွေက သူ့ကို ကူညီပေးခဲ့ပါတယ်။ ဆစ်ခ်ကူက ကျောင်းသားတစ်ဦးချင်းစီ သူတို့ရဲ့ကိုယ်ပိုင်ဂေါ်ဖီပင်တွေကို ရေလောင်းပေါင်းသင်းကာ ရောင်းချနိုင်မယ့် Garden Project ကိုလည်း ကျောင်းအုပ်နဲ့အတူ လုပ်ဆောင်ခဲ့ပါတယ်။
Ref: Teacher In Sarawak Uses Own Money To Transform Classroom Into Hipster Cafe To Motivate Students To Attend Classes
WL (ရိုးရာလေး)