ပြင်သစ်နိုင်ငံ စာသင်ကျောင်းမှာ ကျောင်းသားက ဓားနဲ့ဝင်ထိုးလို့ ဆရာမ သေဆုံး

22.2.2023-image-10.jpg

ပြင်သစ်နိုင်ငံမှာ အထက်တန်းကျောင်းသားတစ်ယောက်က ဓားနဲ့ထိုးခဲ့လို့ ကျောင်းဆရာမတစ်ဦး သေဆုံးခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၂ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းက စိန့်ယန်းဒီလုဇ်မြို့ အထက်တန်းကျောင်းမှာ ဖြစ်ပွားခဲ့တာပါ။

ဓားထိုးခံရတဲ့ ကျောင်းဆရာမဟာ စပိန်နိုင်ငံသူဖြစ်ပြီး အသက် ၅၀ ဝန်းကျင် ရှိသူပါ။ အခင်းဖြစ်ပွားရာနေရာကို အရေးပေါ်အဖွဲ့တွေ ရောက်လာချိန်မှာ ဆရာမက နှလုံးရောဂါဖောက်ပြီး သေဆုံးသွားတာပါ။ အတန်းထဲမှာ ဆရာမ စာသင်နေပြီး ကျောင်းသားက ဓားနဲ့ဝင်ထိုးခဲ့တာပါ။

ဒီဖြစ်ရပ်မှာ ဓားနဲ့တိုက်ခိုက်တဲ့ ကျောင်းသားကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ သူဟာ စိတ်ကျန်းမာရေးပြဿနာရှိနေသူဖြစ်နိုင်တယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။ လက်ရှိအချိန်အထိ စုံစမ်းစစ်ဆေးမှုတွေအရတော့ အကြမ်းဖက်မှုနဲ့ ဆယ်နွှယ်နေတဲ့ အရိပ်အယောင် မရှိဘူးလို့ ဆိုပါတယ်။

Ref: Teacher stabbed to death by pupil in France: reports

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply