အသက် ၁၇ နှစ်အရွယ် မန်တာဗီရက် လဲဘရွန် ပရီစလေဆိုတဲ့ ကျောင်းသားတစ်ဦးဟာ ကော်လိပ် ၆၀ ကျော်ကနေ ဝင်ခွင့်လက်ခံခဲ့ရပြီး ပညာသင်ထောက်ပံ့ကြေး ၁ သန်းကျော် ရခဲ့ကာ ဆေးပညာလိုက်စားချင်တဲ့ သူ့ရဲ့ရည်မှန်းချက်ပန်းတိုင်ကို နီးကပ်လာစေခဲ့ပါတယ်။
သူဟာ အခြားသူတွေ လိုအပ်တဲ့အချိန်တိုင်း ကူညီပေးရတာ ကို စိတ်အားထက်သန်တဲ့သူဖြစ်တယ်။ သူ့ဘဝရဲ့အကြီးမားဆုံးရည်မှန်းချက်က အခြားသူတွေကို စိတ်ဓာတ်ခွန်အားပေးဖို့နဲ့ ကူညီပေးဖို့ပါပဲ။
လဲဘရွန်က ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှာ ကော်လိပ်တွေမှာ ဝင်ခွင့်စလျှောက်ခဲ့တာပါ။ မေ့ဆေးဆရာဝန်ဖြစ်ချင်တဲ့ သူ့ရည်မှန်းချက်နဲ့ ကိုက်ညီတဲ့ ကျောင်းတွေကို အဓိကလျှောက်ထားခဲ့တာပါ။
သူ လျှောက်ထားတဲ့ ထိပ်တန်းကောလိပ်တွေထဲမှာ University of Alabama၊ Morehouse College၊ Xavier University of Louisiana၊ Howard University နဲ့ Mercer University တို့ပါဝင်ပါတယ်။

လဲဘရွန်ဟာ သူ ငယ်စဉ်ကတည်းက ကောလိပ်တက်ပြီး ကြီးကျယ်တဲ့အရာတစ်ခု အောင်မြင်ဖို့ ဆုံးဖြတ်ထားခဲ့တာပါ။ကြင်ဖော်မဲ့မိခင်တစ်ဦးမှ ကြီးပြင်းလာသူ Lebron သည် ၎င်း၏မိခင်ဖြစ်သူ Chasity Green ကို ၎င်း၏အကြီးမားဆုံးအားပေးကူညီသူနှင့် လှုံ့ဆော်မှုအဖြစ် ဂုဏ်ပြုပါသည်။
လဲဘရွန်ကို ဆင်ဂယ်မိခင်က ပျိုးထောင်ခဲ့တာဖြစ်လို့ သူ့အမေကို သူ့ရဲ့အကြီးမားဆုံးအားပေးကူညီသူနဲ့ စိတ်ဓာတ်ခွန်အားပေးသူအဖြစ် ချီးကျူးပြောဆိုထားပါတယ်။
သူက ပြီးခဲ့တဲ့နှစ်အောက်တိုဘာမှာ the University of Alabama ကနေ ပထမဆုံးကော်လိပ်ဝင်ခွင့်ရခဲ့တာပါ။ လက်ရှိအချိန်ထိ သူဟာ ကော်လိပ် ၆၁ ခု ဆီကနေ ဝင်ခွင့်ရထားပြီး ပညာသင်ထောက်ပံ့ကြေး ကန်ဒေါ်လာ ၁.၁ သန်းကျော်ရထားပြီးဖြစ်ပါတယ်။
လဲဘရွန်ရဲ့ အခြားကျောင်းသားတွေအတွက် အကောင်းဆုံးအကြံဉာဏ်ကတော့ ပညာရေးခရီးဆီ တစ်လှမ်းချင်းစချဉ်းကပ်လာဖို့ပါပဲ။ အဆင့်သတ်မှတ်ချက်တွေဟာ လူတစ်ယောက်ရဲ့အလားအလာနဲ့ အနာဂတ်အောင်မြင်မှုကို အဓိပ္ပာယ်ဖွင့်ဆိုလို့မရဘူးလို့ အလေးပေးပြောဆိုထားပါတယ်။
Ref: Teen accepted to more than 60 colleges, earns over $1.1 million in scholarships
WL ( ရိုးရာလေး)