ရိုးသားမှုအကျိုး ခံစားခဲ့ရတဲ့ လူငယ်လေး

boy.jpg

သြစတြေးလျနိုင်ငံက လူငယ်လေးတစ်ဦးဟာ ကောက်ရတဲ့ငွေတွေကို ပိုင်ရှင်ထံ ပြန်ပေးခဲ့ပြီး ရိုးသားမှုရဲ့အကျိုး ခံစားခွင့်ရခဲ့ပါတယ်။

သြစတြေးလျနိုင်ငံ ဂိုးကို့စ်မြို့မှ အသက် ၁၇ နှစ်အရွယ် လူငယ်လေး ဂျို့စ်ပါချီဟာ ဂက်စ်ဆိုင်အပြင်ဘက်မှာ လမ်းပေါ်ကျနေတဲ့ သြစတြေးလျဒေါ်လာ တစ်ထပ်ကို ကောက်ရခဲ့တာပါ။ အိမ်အိုအိမ်ဟောင်းဖျက်တဲ့ လုပ်ငန်းပိုင်ရှင် မက်ကယ်လာက စတိုးဆိုင်မှာ ကော်ဖီ ဝင်ဝယ်ရင်း ပိုက်ဆံ ထွက်ကျခဲ့တာ ဖြစ်ပါတယ်။

ဂျို့စ်ပါချီ ကောက်ရခဲ့တာ သြစတြေးလျဒေါ်လာ ၃၅၀၀ ပါ။ သူက ကောက်ရတဲ့ပိုက်ဆံကို ပိုင်ရှင်ထံ ပြန်ပေးနိုင်ဖို့ စတိုးဆိုင်မှာ သွားအပ်ထားခဲ့ပါတယ်။ မက်ကယ်လာက ပိုက်ဆံကျပျောက်မှန်းသိပြီး စတိုးဆိုင်ကို ဖုန်းဆက်ချိန်မှာ သူ ကျပျောက်တဲ့ပိုက်ဆံကို လူငယ်လေးတစ်ယောက် လာပေးထားတဲ့အကြောင်း သိသွားပါတယ်။

လူငယ်လေးရဲ့ ရိုးသားမှုကို အသိအမှတ်ပြုဖို့အတွက် မက်ကယ်လာက CCTV မှတ်တမ်းတွေကို ကြည့်ပြီး ဒီလူငယ်လေးကို ဒေါ်လာ ၁၀၀၀ ပေးချင်လို့ …..သူ့ကို သိတဲ့သူ ဆက်သွယ်ပေးပါလို့ လူမှုကွန်ရက်မှာ  CCTV ပုံရိပ်နဲ့တကွ တင်ခဲ့ပါတယ်။

ဂျို့စ်ပါချီရဲ့မိခင်က ဒီပို့စ်ကို တွေ့သွားပြီး မက်ကယ်လာထံ ဆက်သွယ်ခဲ့တာပါ။ ဂျို့စ်ပါချီက ထရပ်ကားဝယ်ဖို့ ငွေစုနေတဲ့အကြောင်း သိသွားလို့ မက်ကယ်လာက သူ့အတွက် GoFundMe ပေ့ချ်ထောင်ပေးခဲ့ပြီး အလှူငွေ ဒေါ်လာ ၁၀၀၀၀ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဂျို့စ်ပါချီကိုလည်း သူ့လုပ်ငန်းမှာ အလုပ်တစ်နေရာ ပေးခဲ့ပါတယ်။

Ref: Teen Rewarded with Cash and Job After Turning in Wad of $3,500 Cash ‘Without Hesitation’

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top