အသက် ၇၀ ၊ ၈၀ အရွယ် အဘွားအိုတွေနဲ့ ဖွဲ့စည်းထားတဲ့ တောင်ကိုရီးယားရက်ပ်အဖွဲ့

23.2.24-yyl-14.jpg

Suni and the Seven Princesses ဆိုတဲ့ တောင်ကိုရီးယားရက်ပ်အဖွဲ့ရဲ့သတင်းက နိုင်ငံတကာမှာ ပျံ့နှံ့နေပါတယ်။ မြောက်ပိုင်းဂျောင်ဆန်ပြည်နယ်၊ ချီဂုကောင်တီမှ အသက် ၇၀၊ ၈၀ အရွယ် အဘွားအိုတွေနဲ့ ဖွဲ့စည်းထားတဲ့ ရက်ပ်အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လကမှ သူတို့ရဲ့ ပထမဆုံးသီချင်း ထွက်ခဲ့တာပါ။ ဘောင်းဘီအပွဝတ်၊ ဆွဲကြိုးကြီးတွေ ဆွဲပြီး ကျေးလက်လူနေမှုဘဝအကြောင်း ရက်ပ်စာသားတွေ ရွတ်ဆိုတဲ့ အဘွားအိုတစ်စုရဲ့ ထူးခြားမှုက အချိန်တိုအတွင်း ပျံ့နှံ့သွားခဲ့တာပါ။

Suni and the Seven Princesses အဖွဲ့မှာ အဖွဲ့ဝင် ၈ ယောက် ရှိပါတယ်။ သူတို့ ၈ ယောက်လုံး ငယ်ငယ်ကတည်းက ခင်ကြတာပါ။ ကျေးလက်မှာ ကြီးပြင်းခဲ့တာကြောင့် ပညာသင်ကြားခွင့်မရခဲ့တဲ့ အဘိုးအိုတွေဟာ ၂၀၁၆ ခုနှစ်ကမှ စာရေးတတ်၊ ဖတ်တတ် ဖြစ်လာခဲ့တာပါ။ တစ်နေ့မှာတော့ အဖွဲ့ခေါင်းဆောင် ပါ့ခ်ဂျောင်ဆန်က အင်တာနက်ပေါ်ကနေ ရက်ပ်သီချင်းဗီဒီယိုတစ်ခု တွေ့ခဲ့ပြီး သူတို့ကိုလည်း ရက်ပ်ရွတ်တာ သင်ပေးဖို့ သူတို့ကို စာသင်ပေးနေတဲ့ ဆရာမထံမှ အကူအညီတောင်းခဲ့ပါတယ်။

အဲဒီနောက်မှာတော့ သူတို့က ငရုပ်သီးဆွတ်တာ၊ ဖရဲသီးခူးတာ အစရှိတဲ့ ကျေးလက်လူနေမှုဘဝအကြောင်း ရက်ပ်သီချင်းတွေ ရေးသားစပ်ဆိုခဲ့ပြီး တောင်ကိုရီးယားရုပ်သံအစီအစဉ်တွေ၊ ပွဲလမ်းအခမ်းအနားတွေမှာ ပါဝင်ဖျော်ဖြေခွင့် ရခဲ့တာပါ။

Ref:Suni and the Seven Princesses, South Korea’s Rapping Grandmothers

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top