ကိုယ်ပိုင်အင်စတာဂရမ်အကောင့်စဖွင့်ဖွင့်ချင်း Web3 Developer ခေါ်ယူတဲ့ ပို့စ်တင်ခဲ့တဲ့ ဟောင်ကောင်မင်းသားကြီး စတီဖင် ချောင်

19-10-2022-yyl-07.jpg

ကိုယ်ပိုင်အင်စတာဂရမ်အကောင့်စဖွင့်ပြီး Web3 Developer ခေါ်ယူတဲ့ ပို့စ်တင်ခဲ့တဲ့ ဟောင်ကောင်မင်းသားကြီး စတီဖင် ချောင်

ဟောင်ကောင်မင်းသား၊ ဒါရိုက်တာ စတီဗင်ချောင်က သူ့ရဲ့ကိုယ်ပိုင်အင်စတာဂရမ်အကောင့်ကို စသုံးနေပါပြီ။ သူ့ရဲ့အင်စတာဂရမ်အကောင့်ကို အောက်တိုဘာ ၁၈ ရက်နေ့မှာ စဖွင့်ခဲ့ပြီး အလုပ်ခေါ်တဲ့ပို့စ်တောင် တင်ခဲ့ပါတယ်။ သူ့ရဲ့အကောင့်အမှန်ဖြစ်တယ်ဆိုတာကို အတည်ပြုဖို့အတွက် အသက် ၆၀ အရွယ် ချောင်က ဝိုက်ဘုတ်ပေါ်မှာ တရုတ်လို “ဝန်ထမ်းခေါ်ယူခြင်း”လို့ သူကိုယ်တိုင်ရေးနေတဲ့ပုံကို တင်ပေးခဲ့ပါတယ်။

သူက Web3 Developer ကို ခေါ်ယူနေတာဖြစ်ပြီး လျှောက်ထားမယ့်သူတွေက Web3နဲ့ အကျွမ်းတဝင်ရှိရမယ်၊ ပရောဂျက်စီမံခန့်ခွဲမှုအတွေ့အကြုံရှိရမယ်၊ စမတ်ကျပြီး ကြင်နာတတ်သူဖြစ်ရမယ်ဆိုတဲ့ အဲဒီအလုပ်ရဲ့ လိုအပ်ချက်တွေကိုလည်း ရေးသားခဲ့ပါတယ်။ သူက လျှောက်ထားမယ့်သူတွေကို ကိုယ်တိုင်မိတ်ဆက်ဗီဒီယို (ဒါမှမဟုတ်) လုပ်ခဲ့ဖူးတဲ့ သူတို့ရဲ့Web3 ပရောဂျက်တစ်ခုကို #CreatWithStephen hastagနဲ့ တင်ပြီး လျှောက်ထားဖို့လည်း တောင်းဆိုခဲ့ပါတယ်။ အခုအချိန်အထိ လျှောက်ထားသူတွေမှာ Web3 developer တွေနဲ့ NFT ပညာရှင်တွေပါဝင်ပါတယ်။

ချောင်က Web3 developer ကို ဘာအတွက်ခေါ်ယူတာလဲဆိုတာကိုတော့ မပြောထားပေမဲ့ သူကိုယ်တိုင် ရွေးချယ်သွားမှာဖြစ်တယ်လို့ ရေးသားထားပါတယ်။ သူ့ရဲ့အင်စတာဂရမ်အကောင့်ဟာ ဖွင့်ဖွင့်ချင်း ၂၄ နာရီမပြည့်ခင်မှာ Follower 108k ရရှိထားပါတယ်။ အကောင့်စဖွင့်ဖွင့်ချင်းမှာ အကောင့်အစစ်လား၊ အတုလားဆိုပြီး ပရိသတ်တွေက ပြောဆိုခဲ့ကြပါတယ်။ ဟောင်ကောင်ဆယ်လီတွေလည်း စတီဖင်ချောင်ရဲ့ပထမဆုံးပို့စ်မှာ ဝင်မန့်ထားကြပါတယ်။ ချောင်ရဲ့အေဂျင့်ဖြစ်သူကလည်း ချောင်ကိုယ်တိုင်သုံးနေတဲ့ အကောင့်အစစ်ဖြစ်တယ်လို့ အတည်ပြုပေးထားပါတယ်။

မင်းသားကြီးစတီဖင်ချောင်ရဲ့ အင်စတာဂရမ်အကောင့်

Ref: AsiaOne “Stephen Chow joins Instagram just to recruit Web3 developer”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top