ဆက်သွယ်ရေးအော်ပရေတာများရဲ့ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဆိုင်ရာ အချက်အလက်များ

30-4-2020-yyl-016.jpg

MPT, Telenor, Ooredoo, Mytel ဆင်းမ်ကတ် အသုံးပြုသူတွေရဲ့ ဖုန်းဆင်းမ်ကတ်တွေကို ဧပြီလ ၃၀ ရက်နေ့နောက်ဆုံးထားပြီး မှတ်ပုံတင်ပြုလုပ်ကြဖို့အတွက် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်နော်။ တကယ်လို့ ဧပြီလ ၃၀ ရက်နေ့အထိ မှတ်ပုံတင်မထားဘူးဆိုရင် လူကြီးမင်းတို့ အသုံးပြုနေတဲ့ဆင်းမ်ကတ်တွေဟာ ဝန်ဆောင်မှုတွေကို ဆက်လက်အသုံးပြုလို့ရတော့မှာမဟုတ်ပါဘူးနော်။

MPT ဆင်းမ်ကတ်ကိုမှတ်ပုံတင်ပြုလုပ်ချင်ရင် MPT4U App က တစ်ဆင့် ဖြစ်စေ၊ *601# ကို ခေါ်ဆိုပြီး ဖြစ်စေ (ဒါမှမဟုတ်) MPT ရဲ့ Customer Selfcare Website http://care.mpt.com.mm မှာ ဝင်ရောက်လို့ဖြစ်စေ၊ အဆင်ပြေရာနည်းလမ်းတစ်ခုခုကို အသုံးပြုပြီး၊ မိမိတို့ရဲ့ အမည်၊ နိုင်ငံသားကတ်စိစစ်ရေးကတ်ပြားအမှတ်တို့နဲ့အတူ မှတ်ပုံတင်ပြုလုပ်လို့ ရပါတယ်နော်။ ဒါ့အပြင် အချက်အလက်မှန်ကန်စွာဖြည့်သွင်းပြီး မှတ်ပုံတင်သူများအနေနဲ့ MPT ရဲ့ Data Bonus 1GB ကို လည်း Free ရရှိမှာ ဖြစ်ပါတယ်နော်။

Telenor ဆင်းမ်ကဒ်ကို မှတ်ပုံတင်ချင်ရင် ဆင်းမ်ကဒ်မှတ်ပုံတင်ထားခြင်းရှိမရှိ ဒါမှမဟုတ် ဆင်းမ်ကဒ်အမည်ပေါက်မှန်မမှန်ကိုသိချင်ရင် *979*3*3# ကိုခေါ်ဆိုပြီးဖြစ်ဖြစ် “REG” လို့ရိုက်ပြီး “500” ကို SMS ပို့ပြီးဖြစ်ဖြစ် စစ်ဆေးလို့ရပါတယ်။ ကိုယ်ပိုင်အမည်ပေါက်မှတ်ပုံတင်ခြင်းကို တယ်လီနောမြန်မာ ဝက်ဘ်ဆိုဒ် နဲ့ MyTelenor App (သို့) နီးစပ်ရာ တယ်လီနောအရောင်းဆိုင်တွေမှာ အလွယ်တကူ ဆောင်ရွက်နိုင်ပါတယ်။ ကိုယ်ပိုင်အမည်ပေါက် ပြန်လည်မှတ်ပုံတင်ပြီး5GB အထိ ဒေတာလက်ဆောင် (သို့) ဖုန်းဘေလ် ၁၀၀၀ ကျပ် အထိ ရရှိနိုင်ပါတယ်။ ဆင်းမ်ကတ်မှတ်ပုံတင်ဖို့ လိုအပ်ချက်တွေကတော့ အမည်၊ အဘအမည်၊ မွေးသက္ကရာဇ်၊ လူမျိုး၊ ကျား/မ၊ နေရပ်လိပ်စာ၊ သက်သေခံကတ်ပြား မိတ္တူ၊ မူရင်းတို့ဖြစ်ပါတယ်။ အကူအညီလိုရင်တော့ တယ်လီနော Call Center- 979 နဲ့ နီးစပ်ရာ တယ်လီနောအရောင်းဆိုင်တွေမှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Ooredoo ဆင်းမ်ကတ်ကို မှတ်ပုံတင်ချင်ရင် *565# ကို ခေါ်ဆိုတာ (ဒါမှမဟုတ်) My Ooredoo app ကနေ မှတ်ပုံတင်လို့ရပါတယ်။ App နဲ့ မှတ်ပုံတင်တဲ့အခါ app ကို ဒေါင်းပြီး install လုပ်ကာ ဖွင့်လိုက်ပါက pop-up ကြော်ငြာကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီမှာ မှတ်ပုံတင်ကို နှိပ်ပါ။ ဆင်းမ်ကတ်မှတ်ပုံတင်ရန်ပုံစံကို ဖြည့်သွင်းပါ။ မိမိရဲ့ဖုန်းနံပါတ်ကို စစ်ဆေးပြီး ID ရွေးချယ်ပါ။ နိုင်ငံသားစိစစ်ရေးကတ်ပြား အရှေ့နဲ့အနောက်ဘက်ခြမ်းနှစ်ခုလုံးဓာတ်ပုံရိုက်ပြီး တင်သွင်းပါကို နှိပ်လိုက်ပါ။ ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံဖြစ်ရန်လိုအပ်ပြီး ဖြည့်သွင်းထားတဲ့မှတ်ပုံတင်နံပါတ်နဲ့ ကိုက်ညီရန်လိုအပ်ပါတယ်။ တင်သွင်းပါနှိပ်ပြီးပါက မှတ်ပုံတင်တာ ပြီးမြောက်သွားပြီဖြစ်ပါတယ်။ Ooredoo ကို မှတ်ပုံတင်ရင် 500MB လက်ဆောင်ကို ရရှိမှာဖြစ်ပါတယ်။

Mytel သုံးစွဲသူတွေအနေနဲ့က မိမိတို့ရဲ့ဆင်းကတ်ကို မှတ်ပုံတင်ချင်ရင်ပဲဖြစ်ဖြစ် အချက်အလက်တွေကို ပြင်ဆင်ပြောင်းလဲချင်ရင် (ဒါမှမဟုတ်) အချက်အလက်တွေကို စစ်ဆေးချင်ရင်ဖြစ်ဖြစ် နည်းလမ်း ၄ မျိုးနဲ့ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

၁ Mytelရဲ့ အရောင်းပြခန်းတွေနဲ့ POS Channel စတိုးဆိုင်တွေ

Myel ဆင်းကတ်ကို မှတ်ပုံတင်ချင်ရင် Mytel အရောင်းပြခန်းနဲ့ ကိုယ်စားလှယ်ဆိုင်ပေါင်း ၁၃၇ ဆိုင်နဲ့ POS ဆိုင်ပေါင်း ၅၀၀၀ ကျော်တွေမှာ မှတ်ပုံတင်လို့ရပါတယ်။ မိမိရဲ့မှတ်ပုံတင်ကို ပြသပြီးတော့လည်း ပြုပြင်ပြောင်းလဲပြီး စစ်ဆေးလို့ရပါတယ်။

၂ Mytelရဲ့ MyID အပ်ပလီကေးရှင်း

MyID အပ်ပလီကေးရှင်းမှာ ‘Info Update’ ကို နှိပ်ပြီး အချက်အလက်တွေ ရိုက်ထည့်ရုံနဲ့ ဆင်းကတ်မှတ်ပုံတင်လို့ရပါတယ်။

၃ Mytelရဲ့ Website (account.mytel.com.mm)

Mytel ဝက်ဘ်ဆိုက်ဝင်ရောက်ပြီး ဆင်းကတ်နံပါတ်ရိုက်ထည့်ပြီး မှတ်ပုံတင်လို့ရပါတယ်။

၄ Mytelရဲ့ Call Center ကိုခေါ်ဆိုခြင်း

Mytelရဲ့ Call Center 966 ကိုခေါ်ဆိုပြီး မိမိရဲ့မှတ်ပုံတင် (ရှေ့နဲ့နောက်ကျောပုံ) နဲ့ အချက်အလက်အမှန်ကို OTT အပ်ပလီးကေးရှင်းအသုံးပြုပြီး ပေးပို့ကာ မှတ်ပုံတင်လို့ရပါတယ်။ (Mytelရဲ့ USSD code *966*6# ကိုခေါ်ဆို၊ နံပါတ် ၂ ကို ရိုက်ထည့်ပြီး မိမိရဲ့မှတ်ပုံတင်ထားတဲ့ အချက်အလက်ကို စစ်ဆေးလို့ရပါတယ်)

Mytel ကနေ ဆင်းမ်ကတ်မှတ်ပုံတင်အောင်မြင်ကြောင်း ခွင့်ပြုချက်ရတာနဲ့ 1GB နဲ့ 100 mins ဘောနပ်စ်တွေကို ရရှိမှာဖြစ်ပါတယ်။

ဆင်းမ်ကတ်မှတ်ပုံတင်တာက ဒီနေ့နောက်ဆုံးဖြစ်တဲ့အတွက် အခုပဲ မှတ်ပုံတင်လိုက်ကြရအောင်နော်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top