အိမ်မှာ အလုပ်လုပ်တဲ့အခါ ခါးနာတာတွေမဖြစ်ဘဲ ခန္ဓာကိုယ်အနေအထားမှန်မှန်နဲ့ အလုပ်လုပ်နိုင်ဖို့

30-4-2020-yyl-021.jpg

ရုံးတက်နေရတဲ့အချိန်တုန်းကဆိုရင် အိမ်ကနေပဲ သက်တောင့်သက်သာနဲ့ အလုပ်လုပ်ရရင် ကောင်းမှာပဲလို့ ကျွန်တော်တို့အားလုံး တွေးခဲ့ကြတာပါ။ အခုဆိုရင် ကျွန်တော်တို့အားလုံး ရုံးကိုမသွားရဘဲ အိမ်ကနေပဲ အလုပ်လုပ်နေကြရပါပြီ။ အိမ်ကနေ အလုပ်လုပ်တဲ့အခါမှာ ခန္ဓာကိုယ်အနေအထား၊ အလုပ်လုပ်တဲ့အနေအထားမှန်ဖို့ လိုအပ်ပါတယ်။ အခုလူအများကြုံတွေ့နေရတာက ခန္ဓာကိုယ်အနေအထားမမှန်ဘဲ အလုပ်လုပ်တဲ့အတွက် ခါးနာတာ၊ ပခုံးနာတာ၊ လည်ပင်းနာတာ၊ အကြောတတ်တာတွေပါပဲ။ ခန္ဓာကိုယ်အနေအထားမမှန်ဘဲ မရပ်မနားအလုပ်လုပ်တာက ရုပ်ပိုင်းဆိုင်ရာအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ သင့်ကို ပိုပင်ပန်းစေနိုင်ပါတယ်။ ဒါကြောင့် အိမ်မှာ အလုပ်လုပ်တဲ့အခါ ခန္ဓာကိုယ်အနေအထားမှန်ဖို့ အရေးကြီးပါတယ်။

ခန္ဓာကိုယ်အနေအထားမမှန်ဘူးဆိုရင်ကြောရိုး၊ ကြွက်သား၊ အရိုးတွေကို ဖိအားပေးသလို ဖြစ်စေတဲ့အတွက် နာကျင်တာတွေဖြစ်လာနိုင်ပါတယ်။ တစ်နေ့လုံး အလုပ်လုပ်ရတာ သက်တောင့်သက်သာမရှိသလိုလည်း ဖြစ်စေပါတယ်။ ခန္ဓာကိုယ်အနေအထားအားနည်းတာက သွေးလည်ပတ်မှုကိုလည်းသွားထိနိုင်ပါတယ်။

အလုပ်လုပ်တဲ့အခါ လုပ်မိတဲ့ မှားယွင်းတဲ့ခန္ဓာကိုယ်အနေအထား

အိပ်ရာပေါ်မှာ ထိုင်ပြီး လက်တော့စ်နဲ့ အလုပ်လုပ်တာက ခန္ဓာကိုယ်အနေအထားမမှန်ဘူးဆိုတာ ကျွန်တော်တို့ သိကြပေမဲ့ လုပ်မိနေကြတုန်းပါပဲ။ ဒီအလုပ်လုပ်အနေအထားက သင့်ခါးနဲ့ ခြေထောက်ကို နာကျင်စေနိုင်ပါတယ်။ အိပ်ရာပေါ်ကနေ အလုပ်လုပ်တာက သင့်အလုပ်ချိန်ကို ထိခိုက်မှုမရှိပေမဲ့ သင့်အိပ်စက်ချိန်ကို ထိခိုက်စေနိုင်ပါတယ်။ တစ်နေ့လုံး အိပ်ရာပေါ်မှာ ထိုင်မယ်ဆိုရင် သင့်ခန္ဓာကိုယ်က အိပ်စက်ချိန်တွေထက် နိုးထချိန်တွေများနေမှာပါ။ ကြွက်သားဆိုင်ရာတစ်ရှုးတွေကို ထိခိုက်စေနိုင်ပါတယ်။ ဆက်ပြီး ဂရုမစိုက်ဘဲ အနေအထားမမှန်ဘဲ အလုပ်လုပ်နေမယ်ဆိုရင် ကျောရိုးနဗ်ကြောကို လာထိခိုက်နိုင်ပါတယ်။

ခန္ဓာကိုယ်အနေအထားအမှန်

အလုပ်လုပ်ဖို့ မထိုင်ခင်မှာ ပေါ့ပေါ့ပါးပါး လုပ်လို့ရမယ့် workout ကို မိနစ် (၃၀)လောက်လုပ်ပေးပါ။ အလုပ်လုပ်ပြီးတဲ့အခါမှာလည်း workout လုပ်ပေးလို့ရပါတယ်။ သင့်ခန္ဓာကိုယ်တစ်ခုလုံးကို သွေးစီးဆင်းမှု ကောင်းအောင် ကူညီပေးပါလိမ့်မယ်။

ထပါ။ နည်းနည်းလှုပ်လှုပ်ရှားရှားနေပါ

ထိုင်ခုံမှာပဲ အချိန်အကြာကြီး ထိုင်ပြီး အလုပ်မလုပ်ပါနဲ့။ နာရီဝက်တစ်ခါတိုင်း အချက်ပေးထားပြီး အလုပ်လုပ်နေတဲ့ ထိုင်ခုံက ထလိုက်ပါ။ (၅) မိနစ်လောက် နားနေချိန်အတွင်း အကြော့ဆန်တာဖြစ်ဖြစ်၊ အိမ်ထဲမှာ လမ်းနည်းနည်းလျှောက်တာဖြစ်ဖြစ်လုပ်ပါ။

ခုံရွေးချယ်တာ မှန်ကန်ပါစေ

ကျောသက်သာစေမယ့် ထိုင်ခုံကို ရွေးချယ်ပါ။ အလုပ်လုပ်ရတာသက်တောင့်သက်သာဖြစ်ဖို့ဆိုရင် နောက်မှီနဲ့ ဖင်ထိုင်ခုံတွေမှာ ကူရှင်အသုံးပြုပြီးထိုင်ပါ။ ခန္ဓာကိုယ်မတ်မတ်ထိုင်ပြီး အလုပ်လုပ်တာက သင့်ကျောကို မထိခိုက်စေမယ့် အကောင်းဆုံးနည်းပါပဲ။

လက်တော့စ်ကို သေချာထားပါ

သင့်လက်တော့စ်ကို သင့်ဦးခေါင်းနဲ့ အပြိုင်ဖြစ်မယ့် နေရာမှာ ထားသင့်ပါတယ်။ အဲဒီလိုထားတာက သင့်လည်ပင်းကို ထောက်ကန်ပေးပြီး ကျောနာ၊ လည်ပင်းနာတာတွေမဖြစ်စေနိုင်ပါဘူး။

ခြေထောက်တွေကိုလည်း ဆန့်ထားပါ

အလုပ်လုပ်ရင်း ခြေထောက်တွေကို ဆန့်ထားတာ၊ အကြောဆန့်တာတွေက ခြေထောက်ကြွက်သားနာကျင်ခြင်းတွေမဖြစ်အောင် ကာကွယ်ပေးရာရောက်ပါတယ်။ ခန္ဓာကိုယ်အနေအထားမမှန်ဘဲ အလုပ်လုပ်တာက ကျောနာကျင်စေရုံသာမက ခြေထောက်တွေကိုလည်း နာကျင်စေနိုင်ပါတယ်။

Ref: The right posture to sit in while working from home

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top