အာရှနိုင်ငံ ၈ နိုင်ငံမှာ တယ်လီနောအင်တာနက်ကို ပြည်တွင်းနှုန်းထားအတိုင်း အသုံးပြုနိုင်ပြီ

5-8-2020-yyl-034.jpg

တယ်လီနောမြန်မာက  တယ်လီနော prepaid နဲ့ post-paid အသုံးပြုသူတွေအတွက် အင်တာနက် ပရိုမိုးရှင်း အသစ် ‘ASIA 8’ ကို မိတ်ဆက်လိုက်ပါတယ်။ ဒီပရိုမိုးရှင်းကြောင့် ထိုင်း၊ မလေးရှား၊ တရုတ်၊ စင်ကာပူ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အင်ဒိုနီးရှားနှင့် ထိုင်ဝမ် နိုင်ငံ တွေကို သွားရောက်လည်ပတ်သူတွေနဲ့ အဆိုပါ နိုင်ငံတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ တယ်လီနော အသုံးပြုသူတွေဟာ အခကြေးငွေ၊ စာရင်းပေးသွင်းမှု တစ်စုံတစ်ရာ ထပ်မံမလိုအပ်ဘဲ ၁ မဂ္ဂါဘိုက် ကို ၈ ကျပ် (ကုန်သွယ်လုပ်ငန်းခွန် မပါ) နဲ့ အင်တာနက် အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ အဲဒီ ပရိုမိုးရှင်း အစီအစဉ်ကို ၂၀၁၈ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့က စပြီး အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

ဖော်ပြထားတဲ့ အာရှနိုင်ငံ ၈ နိုင်ငံမှာ ပုံမှန် အင်တာနက် နှုန်းထားတွေဟာ နိုင်ငံအလိုက် ၁ မဂ္ဂါဘိုက်ကို အနည်းဆုံး ၅၀၀ ကျပ် ကျသင့်နိုင်ပေမယ့်လည်း အခု ပရိုးမိုးရှင်း ကာလအတွင်းမှာတော့ ၉၉.၉၅ ရာခိုင်နှုန်းအထိ ကုန်ကျစရိတ် သက်သက်သာသာနဲ့ အသုံးပြုနိုင်မှာပါ။

“မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် ကာလက နီးကပ်လာပြီဖြစ်လို့ အားလပ်ရက်တွေမှာ ဒီနိုင်ငံ ၈ နိုင်ငံကို သွားရောက်လည်ပတ်သူတွေ များလာတော့မှာပါ။ ကျွန်တော် တို့ရဲ့ ASIA 8 ပရိုမိုးရှင်း အစီအစဉ်မှာ အင်တာနက်အသုံးပြုခကို မြန်မာနိုင်ငံက နှုန်းထားအတိုင်း သတ်မှတ်ပေးထားတဲ့အတွက် အသုံးပြုသူတွေအနေနဲ့ စိတ်ချမိးသာစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ တယ်လီနော အနေနဲ့ အသုံးပြုသူတွေကို အကောင်းမွန်ဆုံး ဝန်ဆောင်မှုတွေ ပေးအပ် သွားဖို့ အမြဲ ရည်သန်ထားပြီး အနာဂတ်မှာလည်း ဒီထက်ပိုပြီး ဆန်းသစ်တဲ့ ဝန်ဆောင်မှုတွေ နဲ့ ပရိုမိုးရှင်း အစီအစဉ် တွေကို ပေးအပ်သွားနိုင်ဖို့ မျှော်မှန်းဆောင်ရွက်နေပါတယ်” လို့ တယ်လိနော မြန်မာရဲ့ ဈေးကွက် ဖော်ဆောင်ရေး အရာရှိချုပ် Joslin Myrthong က ပြောကြားခဲ့ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top